🤍 IF I' M Ever Gonna Fall In Love 🤍
ep(21)
ရိပေါ်ရဲ့ ခပ်ကြောင်ကြောင် စကားမှာ ရှောင်ကျန့်မှာ ပါးစပ်လေး ဟပြီးတောင် ကြောင်အ နေလျှက် ။ သူလက်ထပ်တာနဲ့ ကိုယ်နဲ့ ဘာဆိုင်တာ ။ သူမလာလို့ရော ဘာဖြစ်မှာမို့လိုလဲ ။
" ဘယ်လိုလဲ ကိုယ့်မဂ်လာဆောင် လာပြီး ကိုယ့်သတို့သမီးလေး လုပ်ပေးမှာလား "
နောက်ထပ် သူမျက်နှာ နားထိ တိုးကပ်လာပြီး ပြောလာတဲ့ အကို့စကားကြောင့် ရှောင်ကျန့်မှာ နောက်ကို လှည့်ကြည့်မိသည် ။
" ဘယ်သူ့ကို ပြောနေတာလဲ "
" ဟောဗျာ ဒီမှာ ခင်ဗျားလေးနဲ့ ကိုယ် နှစ်ယောက်ထဲရှိနေတာလေ ကလေးကို ပြောနေတာပေါ့ "
ဒါက တကယ်ကို ကြောင်တောင်တောင် နိုင်လွန်းတယ်မလား ။ သူ့ဦးနှောက်က တွေးဖို့ လိုက်မမှီနိုင်တော့ဘူး ။ ခု အကိုက သူ့ကို Propose လုပ်နေတာလား လက်ထပ်ခွင့်တောင်းနေတာလား ။
ပါးစပ်လေးတောင် ဟပြီး ကြောင်တောင်တောင်လေး ဖြစ်နေတဲ့ ကလေးပေါက်ကို ရိပေါ်အသည်းယားလွန်းလို့ ပါးလေးနှစ်ဖက်ကို လက်ဝါးထဲထည့်ပြီး ပွတ်ချေမိတဲ့ အထိ
" ချစ်တယ် ကိုယ့်ကို ပြန်ချစ်ပေးနိုင်မလား အချစ်လေး "
ဒီနေ့ ကြားလိုက်ရတဲ့ စကားတွေက အထူးဆန်းတွေဘဲ ။ ဒါက တကယ်လား အိပ်မက်လား ။ ရှောင်ကျန့်မှာ စမ်းသပ်တဲ့ အနေတဲ့ သူ့ပါးပေါ်က ရိပေါ်လက်တဖက်ကို ဆွဲယူပြီး ကိုက်ပစ်လိုက်သည် ။
" အား အ့ ခွေးပေါက်လေး ဘာလို့ ကိုက်တာလဲ ဗျာ "
ရိပေါ်မှာ အကောင်ပေါက်က ရုတ်တရက် သူ့လက်ကို ဆွဲယူပြီး ကိုက်လိုက်တာမို့ အကောင်ပေါက် ပါးစပ်ထဲက သူ့လက်ကို မနဲဆွဲထုတ်လိုက်ရတယ် ။ ယုန်သွားတွေနဲ့ အံကြိတ်ပြီးကို ကိုက်နေတာ ဒီခွေးပေါက်ကလေ
" အားးးး တ တကယ်ကြီးဘဲ အကိုက ကျနော့်ကို ကြိုက်တယ်တဲ့လား အားးးးး တကယ်ရီးနော် "
ရှောင်ကျန့်မှာ လက်သီးစုတ်ကို ပါးစပ်ထဲထည့်ကိုက်ပြီး ရိပေါ်ကို တချက်ကြည့်ကာ သူ့မမဆီ ပြေးသွားတော့သည် ။
ESTÁS LEYENDO
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍