ep(19)

3.2K 182 7
                                    

🤍 IF  I ' M  Ever Gonna Fall In Love 🤍







ep(19)




" နာမည် ဘယ်လိုခေါ်လဲ "

အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်​  ပုံမှန်ထက် ခပ်စိမ်းစိမ်းတိုက်ခတ်နေတဲ့ လေအရှိန်ကြောင့် ထိုအကိုရဲ့ ခပ်သြသြ အသံဟာ ဆိုင်ကယ် ဦးထုတ်မဆောင်းထားတဲ့  သူ့အဖို့ ကြားရဖို့ လုံလောက်ပါသည် ။


" ရှောင်းကျန့် "

" ဗျာ  "

ရှောင်ကျန့်ရဲ့ အဖြေကို ဆိုင်ကယ်ဦးထုတ်ဆောင်းထားတဲ့ ထိုလူက သိပ်ကြားပုံမပေါ် အသံသြသြက ထပ်ထွက်လာသည် ။ ရှောင်ကျန့် သူဖက်ထားတဲ့ လည်တိုင်နား တိုးကပ်သွားရင်း  ထိုလူရဲ့ နားနားကပ်ကာ


" ရှောင်းကျန့်   ရှောင်းရှောင်ကျန့် "

နှစ်ခွန်းလောက်မျှ ခပ်ကျယ်ကျယ် ပြောလိုက်မှ ထိုလူက ခေါင်းငြိမ့်လာသည် ။ နောက်မှ မေးလည်း ရတာကို ဘာတွေလောနေတာ ။ နှစ်ဦးသား  တိတ်ဆိတ်သွားပြီး ရှောင်ကျန့်ကတော့ ပတ်၀န်းကျင်ကို စူးစမ်းသလို လိုက်ကြည့်နေသည် ။

ညနေစောင်းမို့ ခပ်အေးအေးဖြစ်နေတဲ့ လေညှင်းဟာ ဆိုင်ကယ်အရှိန်ကြောင့် ပို၍ အသက်၀င်နေသည် ။


" ရှေ့လမ်းဆို ချပေးတော့ အကို "

တဖန်နားနားကပ်ကာ ဆိုမိတော့ ထိုလူက ခေါင်းသာ ငြိမ့်ပြလာသည် ။ ခနအကြာမှာ ရှောင်ကျန့်ပြောတဲ့ လမ်းလေးမှာ ဆိုင်ကယ်လေးဟာ တိကနဲရပ်သွားခဲ့တယ် ။  ရှောင်ကျန့် ဘယ်လို ပြန်ဆင်းရမလဲမသိ ။ ဆိုင်ကယ်ရပ်လိုက်တာတောင် သူ့လက်တွေက ထိုလူရဲ့ လည်တိုင်မှာ ချိတ်တွယ်နေတုန်း ။

Helment အောက်ကနေ ထိုလူက သူ့ကို ကြည့်လာပြီးမှ  ခြေတံရှည်တဖက်နဲ့ ဒေါက်ထောက်လိုက်ပြီး ​ဆိုင်ကယ်ပေါ်က ဆင်းဖို့ လုပ်လျှင် ရှောင်ကျန့်က သူဖက်ထားတဲ့ လည်တိုင်ကို လွှတ်ပေးလိုက်သည် ။

ထိူလူက သူ့ဘေးရောက်လာပြီး လူကို ကောက်ပွေ့လိုက်တာ ငှက်မွှေးလေးနှယ်  ။ ထိုအပြုမှုတွေကြားမှာ လိုက်မမှီနိုင်တဲ့ ရှောင်ကျန်လေးဟာ မျက်လုံးဝိုင်းဝိုင်းလေးတွေကလည်း  ကြောင်တောင်တောင်လေး ဖြစ်လို့နေသည် ။ မြေပြင်ပေါ် ရောက်လာတဲ့ သူ့ခြေထောက်အစုံကြောင့် ထိုလူ သူ့ကို အောက်ချပေးလိုက်မှန်း သတိကပ်သည် ။

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora