ep(34)

3.6K 187 13
                                    

🤍 IF I 'M  Ever Gonna Fall In Love 🤍


ep(34)




" နောက်အပတ်ထဲမှာ Mammy က မေ့ကို လာတွေ့မယ် ပြောတယ်  သူမ မေ့ကို အရမ်းစိတ်ပူနေတာ "

အခန်းရဲ့ အပြင်ဘက်ရောက်တဲ့ဆို ရှင်းယန်းက ခုံမှာ မေ့ကို ထိုင်ခိုင်းပြီး သူကမေ့ရှေ့မှာ ဒူးထောက်ထိုင်ချရင်း ပေါင်ပေါ်တင်ထားတဲ့ မေ့လက်တွေကို ဆုတ်ကိုင်ရင်း ပြောလာသည် ။

မောင်က တဦးတည်းသောသားဖြစ်ပြီး  မောင့်အဖေက ရဲမှူးတဦးဖြစ်ကာ မောင့်အမေကတော့ စစ်ဆရာဝန်တဦးဖြစ်သည် ။

" ငါ သိပါတယ် မောင့်အမေငါ့ကို ညတိုင်း ဖုန်းဆက်သားဘဲ မောင်လည်း မေမေတို့ဆီ ခနပြန်အုံး "

" အင်း ဒီကပြန်လို့ တပ်ထဲ မပြန်ဖြစ်သေးရင်း  Mammy တို့ဆီ သွားမလို့ပါ "

မောင်က 14 နှစ်သားလောက်ထဲက သြစတေးလျှမှာ စစ်ဘက်ပညာကို သင်ယူခဲ့ပြီး 21 မှာ နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ပြန်ရောက်လာခဲ့သည် ။ မောင့်အသက် 25 နှစ်မှာ နှစ်ဖက်မိဘက သဘောတူလို့ လက်ထပ်ခဲ့ပြီး မောင်က သူ့ထက် 3 နှစ်ငယ်သည် ။

ငယ်လို့ စိတ်မချဖြစ်လားဆိုတော့လည်း မဖြစ်ပါဘူး သူ့ဟာသူမအားတာ မြင်နေရဲ့သားနဲ့

" အော် ငါပြောတာ မောင်သေချာ နားထောင်အုံး ရိပေါ်တို့ဘက်က ဆက်သွယ်ရင် လုံးဝ အဆက်သွယ်ပြန်မလုပ်နဲ့နော် ကလေးဆေးရုံက ဆင်းမှ ကွာရှင်းဖို့ ကိစ္စက လုပ်လို့ရမှာ "

" ကျန့်လေးက လက်ခံပါ့မလား "

" လက်မခံလို့ရမလား ဒီလို ယုတ်မာတဲ့ အသိုင်းဝိုင်းမှာ ငါ့ကလေးကို ဆက်မထားနိုင်ဘူး "

" ဒါမဲ့ မေရယ် သူများလင်မယားကိစ္စလေ ပြီးတော့ သူတို့မှာ သမီးလေးလည်း ရှိနေပြီဟာကို "

ရှင်းယန်ရှင်းပြတော့ မေက မျက်ရည်ကျသည် ။ ဒီလို အသက်အာမခံချက်မရှိတဲ့ အသိုင်းဝိုင်းမှာ သူမမောင်လေးကို ဘယ်လို ဆက်ထားနိုင်မလဲ ။ ဒီတကြိမ်တောင် ကံကောင်းလို့ တကယ်ကို ကံကောင်းလွန်းလို့

သူမက  အံကို ခပ်တင်းတင်းကြိတ်ပြီး

" မသိဘူး ငါကတော့ ကွာရှင်းခိုင်းမှာ "

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now