🤍 IF I ' M Ever Gonna Fall In Love 🤍
ep(18)
မီးအကုန်ပိတ်ထားတဲ့ အခန်းလေးထဲမှာ စာကြည့် စားပွဲပေါ်က မီးရောင်ဖျဖျနဲ့ စာကျက်နေသူဟာ ည 1 နာရီ ကျော်သည်ထိ အိပ်ဖို့ မတွေးသေးပုံ ။ နောက်ဆုံး စားမေးပွဲမို့ အသည်းသန် ကြိုးစားနေခြင်းပင် ။ ဒီတခါပြီးရင် သူတို့အားလုံးရဲ့ ဘ၀ထဲကို တာ၀န် ကိုယ်စီ ရောက်ကြတော့မည် မဟုတ်လား ။ အမြင့်တက်ဖို့ ဒီစာမေးပွဲဟာ လှေကားထစ်လေး တခုဖြစ်သည် ။
မှိန်ဖျဖျ အလင်းမှ တဆင့် ကုတင်ပေါ်မှာ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေသူကို ကြည့်ပြီး ရှောင်ကျန့် ခပ်ရေးရေးလေး ပြုံးလိုက်သည် ။ ဘယ်လောက်တောင် ပင်ပန်းနေလိုက်မလဲ ငွေလည်းရှာတယ် သူ့အပေါ်မှာလည်း စစရာရာ တာ၀န်ကျေတယ် မိဘကိုလည်း မျက်နှာအငြိုးမခံတဲ့ သားလိမ်မာလေး ။ ဒီလိုထက်မြက်ပြီး အစစအရာရာ သူ့အပေါ် ဂရုစိုက်ပေးတဲ့ ယောကျ်ားကို ရထားတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ။
တချိန်ကဆို ထိုအမျိုးသားက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်းကြီးပေါ့ ။ ဘေးမှာ ဝိုင်းဝိုင်းလည်နေတာ သူတောင်အပါ၀င်ဘဲ ။ ခု တည်ငြိမ်တဲ့ရင့်ကျက်တဲ့ အမျိုးသား ဖြစ်သွားတော့လည်း ကိုက နှင်းဆီခြံကြီး ဖြစ်နေပြန်ရော မကြိုက်တဲ့ လူက ခပ်ရှားရှားရယ် တော်ပါသေးရဲ့ အပိုင်သိမ်းနိုင်ခဲ့လို့ ။
ခပ်ရေးရေးလေး ပြုံးရင်း တရိပ်ရိပ်ပေါ်တဲ့ အတွေးတွေက ဟိုးအတိတ်ဆီသို့ ><
// ကိုယ်သာ မင်းကို အမြဲတမ်း ချစ်ခွင့်ရနေမယ်ဆိုလျှင် //
" နေမကောင်းရင်လည်း အိမ်ပြန်နားမလား သားငယ်လေး "
ကျောင်းရှေ့ ကားရပ်တဲ့ဆို Lover Seat မှာ နောက်ခုံပေါ် မှီအိပ်နေတဲ့ ရှောင်ကျန့်ကို မမဇူးကနှိုးရင်း ပြောလာတာမို့ ရှောင်ကျန့်ခေါင်းခါသည် ။
" ရတယ်မမ နဲနဲ မူးနေရုံဘဲ "
10 တန်း ကျောင်းသားမို့ စာကို လိုလည်ထက် ပို၍ ကြိုးစားတဲ့ ရှောင်ကျန့်ဟာ ညဘက်တွေပါ မအိပ်ဘဲ စာလုပ်တတ်တာကြောင့် ခေါင်းမူး ခေါင်းကိုက်က ခန ခန ဖြစ်တတ်သည် ။ မမက ဆေးကျောင်းသူ တချိန် ဆရာ၀န်မ ဖြစ်မှာ ။ ပါးပါးကလည်း အမြဲတမ်းချီးကျူးတယ် မားမားဆို ငါ့သမီးလေး ဆရာဝန်ဖြစ်မှ ငါတို့ အိုမင်းမယ်လို့ ခန ခနကို ပြောတာ ဒါကြောင့် ဆယ်ကျော်သက်လေး ရှောင်ကျန့်ရဲ့ အတွေးထဲမှာ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်လေးက တော်တော်အရေးပါတယ်လို့ မှတ်ယူထားသည် ။
VOCÊ ESTÁ LENDO
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍