ep(29)

3.6K 206 7
                                    

🤍 IF  I'M  Ever Gonna Fall In Love 🤍





ep(29)




" အတာ ဘာလုပ်နေကြတာလဲ "

တည်ငြိမ်ပြတ်သာစွာ ထွက်ပေါ်လာတဲ့ သြရှရှ အသံနက်နက်ရဲ့အဆုံး ဧည့်ခန်းထဲက လူနှစ်ယောက်ရဲ့ လှုပ်ရှားမှုအားလုံး ရပ်တန့်ကုန်သည် ။

" ကိုကို....ဟီး "

ရှောင်ကျန့် အိမ်ထဲ၀င်လာတဲ့ ရိပေါ်ကို မြင်တဲ့ဆို လှလှပပလေး ပြုံးပြလိုက်သည် ။ နွေးကတော့ အကိုလေးဝမ်ရဲ့ အသံကြားလိုက်တဲ့ဆို မတ်တပ်ရပ်ပြီးသား ဖြစ်သည် ။

" မှန်သွားယူခဲ့ "

မျက်နှာတည်နဲ့ အကိုလေးဝမ်က ဧည့်ခန်းဆိုဖာ ခုံမှာ ဝင်ထိုင်းရင်း ပြောလာတာမို့ နွေးက အမြန်ဘဲ မှန်ပြေးယူသည် ။ လန့်လို့သေတော့မယ် ။

ရိပေါ်က အပေါ်ကုဒ်ကို ချွတ်ပြီး ဆိုဖာ လက်ရန်းပေါ်တင်လိုက်သည် ။

" ကိုကို ~~ "

" မလာနဲ့ အဲ့မှာ ထိုင်နေ "

ရိပေါ်စကားကြောင့် မျက်နှာချင်းဆိုင်ဆိုဖာမှာ ထိုင်နေတဲ့ ရှောင်ကျန့်က ရှေ့ကို နှုတ်ခမ်းဆူလာသည် ။ သူများ ဘာလုပ်တာကြလို့ ။

" ရပါပြီရှင့် "

မှန်ယူပြီး ပြာပြာသလဲ ပြန်ပြေးလာတဲ့ နွေးက လက်ထဲက လေးထောင့်ဘောင်နဲ့ မှန်ကို အကိုလေးဝမ်ဆီ တရိုတသေ ကမ်းပေးပြီး အကိုလေးရှောင်းရဲ့ ဆိုဖာဘေးသာ အသာ သွားရပ်နေသည် ။

" ကြည့် "

ရိပေါ်က မှန်ကို ကိုင်ထားရင်း ရှောင်ကျန့်ရဲ့ မျက်နှာရှေ့ ထောင်ပြတော့ ရှောင်ကျန့်က ထရယ်သည် ။

" အဟား  ကျန်း နွေး နင့်မျက်နှာမှာ နှုတ်ခမ်းနီတွေ အများကြီးဘဲ ကြောက်စရာကြီး "

" အကိုလေးရှောင်းမှာရောဘဲ ဟီး ဟီး "

ရှေ့ကနေ မှန်ထောင်ပြထားတာမို့ ရှောင်ကျန့်အပြင် နောက်မှာ ရပ်နေတဲ့ နွေးရဲ့ မျက်နှာပါ ထင်ရှားစွာမြင်ရသည်  ။ ထိုနှစ်ယောက်က သူတို့မျက်နှာ သူတို့ကြည့်ပြီး သဘောတကျတောင် ထရယ်လိုက်သေး

🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Donde viven las historias. Descúbrelo ahora