🤍 IF I'M Ever Gonna Fall In Love 🤍
ep(32)
" သမီး ဖြေးဖြေး ဆင်းနော် လျှော်လဲမယ် "
" ဟုတ် Daddy "
ရိပေါ်က ကိုယ်လုံးပေါ် မှန်ရှေ့မှာ Necktie ကို သေချာ ချည်နေရင်း သမီးလေးကို လှည့်ကြည့်ပြီး ပြောလိုက်တော့ သမီးလေးက လိမ်မာစွာ ခေါင်းငြိမ့်လာပြီး ဂါဝန်နီလေး တဝဲဝဲနဲ့ အခန်းထဲက ထွက်သွားသည် ။
ရိပေါ်ဖွင့်ထားတဲ့ တံခါးမှ တဆင့် လှေကားရင်းကို လှမ်းကြည့်တော့ သမီးလေးက ဖြေးဖြေးမှန်မှန်သာ ဆင်းသွားသည် ။ ရိပေါ်က သူ့ရဲ့ မူပိုင်အပြုံးကို ပြုံးရင်း အပေါ်ကုတ်ကို သပ်သပ်ရပ်ရပ် ထပ်၀တ်လိုက်သည် ။
ထို့နောက်ဆီလိမ်းထားသော ဆံပင်ကို သေသေသေသပ်သပ် ဖြီးသင်လိုက်ပြီး ကားသော့ယူကာ သူသည်လည်း အောက်ထပ်ကို ဆင်းလာခဲ့သည် ။
ရိပေါ် အောက်ထပ်ရောက်တော့ သမီးလေးက မေ့မေ့ ကိုယ်ပေါ်ကနေ နွားနို့ သောက်နေပြီး နွေးက မေ့မေ့ ခြေရင်းနားမှာ ထိုင်ကာ သမီးလေးကို စနေသည် ။ ရိပေါ်က ဆိုဖာမှာ ဝင်ထိုင်တော့ မေမေက တချက်သာ ကြည့်လာပြီး သမီးလေးကို မုန့်ဆက်ကျွေးနေသည် ။
" နွေး ညဥ်းအကိုလေးကို ကော်ဖီ သွားဖျော်ပေးလိုက်လေ "
မေမေပြောတော့ နွေးက ထရပ်လိုက်လိုက်လျှင် ရိပေါ်က လက်ကာပြလိုက်သည် ။
" မသောက်တော့ဘူး သွားတော့မှာ "
" အာ ဟုတ် အကိုလေး "
" Daddy မီးမီး ဒီနေ့ ကျောင်းမသွားချင်းဝူး "
" Why "
မေမေ့ကိုယ်ပေါ်ကနေ နှုတ်ခမ်းလေး တထော်ထော်နဲ့ ပြောလာတဲ့ သမီးလေးရဲ့ စကားကို ရိပေါ်က အော်ငေါက်ခြင်း မပြု လေသံအေးအေးလေးနဲ့သာ ပြန်မေးလိုက်တော့ သမီးလေးက စကားဆက်ဖို့ နှုတ်ခမ်းလေး ရှေ့ကို ဆူလာပြန်သည် ။
ဒီအကျင့်တွေက တစုံတယောက်ဆီက မသင်ဘဲ တတ်လာတာ
" Because Today is My Birthday So .... "
" So ... "
သူမက မေ့မေ့ကို တချက်မော့ကြည့်ပြီး မေမေ့ ကိုယ်ပေါ်က ဆင်းလာကာ ရိပေါ်ရဲ့ နားနားကပ်ပြီး တိုးတိုးလေးပြောလာသည် ။
![](https://img.wattpad.com/cover/349842215-288-k42132.jpg)
ESTÁS LEYENDO
🤍IF I'M Ever Gonna Fall In Love 🤍 { 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }
Fanfic🤍 အချစ်ဆိုတဲ့ အရာက ချစ်ခွင့်ရနေသ၍တော့ ပျော်စရာ ကောင်းနေအုံးမှာပါ 🤍