Part (19)

2K 110 3
                                    

      " မေမေ..."

      ကားရပ်လိုက်သည်နှင့် ကားတံခါးကို အလျင်အမြန်ဆွဲဖွင့်ကာ ကလေးတစ်ယောက်လိုပြေးဆင်းသွားသဖြင့် လီဆာမှာ ကားပေါ်မှာပါလာသည့်အထုတ်များပင်မချအားပဲ နောက်ကနေအပြေးလေးလိုက်သွားရသည်။

    " ဂျဲန်းရေ ချော်လဲမယ်လေ အချစ်ရဲ့..."

     လီဆာစိတ်ပူ၍ပြောနေသည်ကိုဂရုမထားပဲ မိခင်ရှိရာသို့ ပြေးကာ ဖက်ထားသော ဂျဲန်းနီကိုတွေ့မှ ပြုံးလိုက်ပြီး အထုတ်များသယ်ရန် ကားဆီသို့ လီဆာပြန်လာခဲ့သည်။ ကားဆီသို့ပြန်ရောက်သွားတော့ လေးပင်သည့်အထုတ်များကိုအလုပ်သမားများက သယ်နေသည်ကိုတွေ့ရသည်။ လီဆာလည်းကားထဲမှ ပိုက်ဆံအိတ်နှင့် ဂျဲန်းနီ၏ ကိုယ်ဝန်ဆောင်အားဆေးများသာ ယူလာပြီး ဂျီဆူးနှင့်အတူတူပင်ပြန်ဝင်လာခဲ့သည်။

       ဂျဲန်းနီကတော့ သူ့မိခင်ရဲ့ဘေးမှာထိုင်နေပြီး လက်မောင်းကိုဖက်ထားကာ နှုတ်ခမ်းလေးထော်လျက် စကားတွေပြောနေသည်။ ဂျီဆူးကလည်း အမေ  ဖြစ်သူရဲ့ဘေးကိုဝင်လိုက်ပြီး  ပါးလေးကိုနမ်းလိုက်လေသည်။ လီဆာကတော့ ထိုမြင်ကွင်းကို ကြည်နူးစွာဖြင့်ကြည့်နေသည်။ လီဆာငယ်ငယ်ကတည်းက မိဘများကဆုံးပါးသွားသဖြင့် ကိုယ့်ဘဝကိုယ်ကျောင်းကာ နေလာရတာဖြစ်သည်။ မိသားစုနှင့်နွေးထွေးမှုဆိုတာဘာလဲလို့မေးယူရသည်အထိ လီဆာနှင့်မရင်းနှီးပေ။ ဂျဲန်းနီတို့သားအမိတွေကိုကြည့်ရင်း လီဆာကြည်နူးမှုနှင့်မျက်ရည်လေးများပင်ဝဲလာသည်။

      လီဆာမျက်နှာညှိုးငယ်သွားကာမျက်ရည်ဝဲလာတာကိုမြင်တော့ အကောင်ပေါက်လေးကထလာကာ လီဆာ့လက်မောင်းကိုတွဲ၍ မျက်ရည်လေးများကိုသုတ်ပေးလာသည်။ ထို့နောက် ယောက္ခမဖြစ်သူအားနှုတ်ဆက်ပြီး အနားယူဖို့ ဂျဲန်းနီနဲ့အတူနှစ်ယောက်သားအခန်းထဲသို့သွားရန် အပေါ်ထပ်သို့တက်လာခဲ့ကြလေသည်။

..................

" ဂျဲန်း...ထတော့နော် ဒီနေ့ကျောင်းတက်ရမယ်လေ"

တနေကုန်ကားမောင်းလာရသောကြောင့်ပင်ပန်းသွားသဖြင့် ညက အိပ်ယာစောစောဝင်ဖြစ်ခဲ့သည်။ လီဆာနိုးလာတော့ အိပ်ရေးဝပေမယ့် ကိုယ်လက်တွေကိုက်ခဲသလိုဖြစ်နေလေသည်။ ဖုန်းကိုယူ​ကြည့်လိုက်တော့ မနက်၈နာရီရှိပြီ ။ တစ်ခါမှဒီလောက်နောက်ကျသည်အထိ မအိပ်ခဲ့ဖူးပေ။  ဘေးမှာအိပ်ပျော်နေသည့် ဂျဲန်းကတော့ တုတ်တုတ်မျှမလှုပ်ပဲ လီဆာ့ရဲ့ခါးကိုဖက်ထားရင်း အိပ်မောကျနေသေးသည်။ ဂျဲန်းက ကားမမောင်းရပေမယ့် ခရီးဝေးတောက်လျောက် ကားစီးထားရတော့ ပင်ပန်းနေသည့်ပုံ။ မနှိုးချင်သေးပေမယ့် ကျောင်းကလည်းတက်ရမှာမို့လီဆာနှိုးလိုက်သည်။

You're all I want (Completed) Where stories live. Discover now