ကိုယ်ဝန် လရင့်လာတော့ ဂျဲန်းကို ကျောင်းမတက်ခိုင်းတော့ပေ။ ဆေးခွင့်ယူလိုက်ကာ စာမေးပွဲဖြေမှ သွားဖြေမှာဖြစ်သည်။ လီဆာ့အပေါ် အရင်ကထက်ပိုချွဲလာကာ ပိုလည်းဂျစ်တိုက်လာသည်။ ညနက်မှ ရေခဲမုန့်စားချင်သည်ဟုပြောတာလည်းခဏခဏ။ အရင်ကမစားသည့် ပီဇာ စားချင်လှသည်ဆိုလို့ ညသန်းခေါင်းကျော်ကြီး လီဆာတစ်ယောက်ထလုပ်ပေးရတာလည်းအကြိမ်ကြိမ်ပင်။ ကြာတော့လီဆာမှာ ဆိုင်မှာပင်ပန်းသည့်အပြင် ညဆိုရင်လည်း အိပ်ရေးပျက်တာတွေကြောင့် အရင်ကထက်ပိုပိန်လာလေသည်။ ဒါပေမယ့်ချစ်ဇနီးအပေါ်မှာတော့စိတ်မပျက် ဂျဲန်းနီပြောသမျှကတော့ လီဆာ့အတွက်ဖြစ်စေဆိုတာချည်းပင်။
အခုလည်း လီဆာအိပ်မောကျနေသည့်အချိန် ဂျဲန်းနီနိုးလာပြီး လီဆာ့ကိုနှိုးလေတော့သည်။
" မောင်....မောင် ထဦးလို့"
ပင်ပန်းပြီးအိပ်ပျော်နေတာကြောင့် လီဆာကချက်ချင်းမနိုး ။ နှိုးလို့မရတော့ ဂျဲန်းနီစိတ်တိုချင်လာသည်။ မျက်ရည်များဝဲလာပြီး စိတ်တိုကာ လီဆာ့ရင်ဘတ်ကိုအားနဲ့ထုလိုက်လေသည်။
" အာ့...နာလိုက်တာ "
အိပ်မှုံစုံမွှားဖြင့် မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်သပ်ပြီး ကုန်းထလိုက်တော့ ဂျဲန်းနိုးနေတာကိုတွေ့လိုက်ရသည်။ မျက်ရည်ဝဲကာ မျက်နှာကလည်းမသာမယာဖြစ်နေသည်မလို့ လီဆာစိတ်ပူသွားရသည်။
" အချစ် ဘာဖြစ်လို့လဲ ဘယ်နားကနားလို့လဲ ဗိုက်နာလို့လားဟင်"
" အခုမှလာပြီးဂရုမစိုက်နဲ့...ဂျဲန်းနှိုးနေတုန်းကတော့မနိုးပဲ"
" မောင် ပင်ပန်းပြီးအိပ်ပျော်သွားတာမလို့ပါ အချစ်ရယ်...အခုနိုးပြီနော် ဘာလုပ်ပေးရမလဲ မောင့်ကိုပြော"
" အော်...အခုတော့ ပင်ပန်းနေပြီလို့ထုတ်ပြောလာပြီပေါ့....အဲ့ဒါပဲ ရှင်တို့တွေ အဲ့လိုပဲ...နည်းနည်းလောက်လုပ်ပေးရရင် ငြိုငြင်ချင်လာပြီ"
အလုပ်တွေပင်ပန်းလို့အိပ်ပျော်တဲ့အကြောင်းပြောမိပြန်တော့ အဓိပ္ပါယ်ကောက်လွဲကာ သူ့ကိုပင်ပန်းနေပါပြီလို့ပြောရင်း ငိုချလာသော ဂျဲန်းကြောင့် လီဆာပြာယာခတ်သွားသည်။ ကိုယ့်မှာတော့ သူဘယ်လောက်ရစ်ရစ်ချစ်လို့မဝ တစ်ခါမှအပြစ်မမြင်ဖူးပါ။ ဂျဲန်းဘယ်လောက်ပဲပြောပြောလီဆာ စိတ်မကွက်ခဲ့ဖူးခဲ့။ ဆရာဝန်ကပြောထားသည် ကိုယ်ဝန်ဆောင်သည်ဖြစ်လာရင် စိတ်တွေအလိုမကျ တစ်ခုခုကိုအလွန်အကြူးဒေါသထွက်တာမျိုး ဝမ်းနည်းအားငယ်တဲ့စိတ်ဖြစ်တာမျိုး ကြုံတွေ့နိုင်သည်တဲ့။ ဂျဲန်းကိုအဲ့လိုစိတ်မျိုးဝင်မလာအောင် လီဆာ့ဘက်ကထားနေပါလျက်နဲ့ တစ်ခုမဟုတ်တစ်ခုနဲ့ ရှာကြံကာဝမ်းနည်းဒေါသထွက်နေတတ်သည်။

YOU ARE READING
You're all I want (Completed)
Fanfictionကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်