ဒီရက်ပိုင်း ဂျဲန်းက ဘာဖြစ်နေလဲမသိ။ လီဆာ့ကိုအနားကပ်မခံ။ အရင်ကဆိုရင် တစ်ခုမဟုတ်တစ်ခုနဲ့ ချွဲလိုက်ရစ်လိုက်စိတ်ကောက်လိုက်ဖြစ်နေတတ်သောမိန်းကလေးက လီဆာ့ကိုသိသိသာသာရှောင်နေသည်။ မွေးဖွားခါနီးမလို့ စိတ်အဆင်မပြေတာလားဆိုပြီး လီဆာကအလိုက်တသိနဲ့ ဂျဲန်းကိုအဝေးကနေပင် ဂရုစိုက်ကာစောင့်ရှောက်ပေးနေလေသည်။ အဲ့လိုနေလိုက်မိတာက သူတို့နှစ်ယောက်ရဲ့ကြားက ပြသနာပိုကြီးထွားလာမည်ဆိုတာကိုတော့ လီဆာမသိလိုက်ပေ။
လီဆာလည်း ဆိုင်အလုပ်တွေအပြင် အိမ်ကလည်းဆောက်နေသည်ဖြစ်လို့ အလုပ်တွေကဇယ်ဆက်သလိုဆက်တိုက်လုပ်နေရသည်။ အခုလည်းအလုပ်တွေပြီးလို့ အိမ်ပြန်လာတော့ အောက်ထပ်မှာ အစ်မဂျီဆူးနဲ့ ယောက္ခမ တို့ကိုတွေ့လိုက်ရသည်။
" ကျွန်မပြန်ရောက်ပါပြီ"
လီဆာ့အသံကိုကြားတော့ စကားပြောနေသည့်သားအမိနှစ်ယောက်က မော့ကြည့်သည်။
" သမီး လီဆာ ဒီကိုခဏလာပါဦး "
ယောက္ခမက ခေါ်သဖြင့် အမေ့ရှေ့က ဆိုဖာခုံမှာပဲလီဆာဝင်ထိုင်လိုက်လေသည်။နှစ်ယောက်လုံးရဲ့မျက်နှာကိုကြည့်လိုက်တော့ မျက်နှာသိပ်မကောင်းကြပေ။
" သမီးနဲ့နီနီ ပြသနာဖြစ်ထားကြသေးလား"
ယောက္ခမရဲ့စကားကြောင့် လီဆာအံ့သြသွားသည်။ ဒီရက်ပိုင်း ဂျဲန်းကအရင်လိုသိပ်မချွဲတာကလွဲလို့ သူမတို့နှစ်ယောက် နည်းနည်းလေးတောင်စကားမများခဲ့ကြဖူးလေ။
" မဖြစ်ပါဘူး အမေရဲ့...အကုန်အဆင်ပြေပါတယ်"
" အေးကွယ်...သမီးတို့နှစ်ယောက်ဘာဖြစ်လဲမသိပေမယ့်... နီနီက ဒီရက်ပိုင်းအစားလည်းသိပ်မစားဘူး...ပြီးတော့မနေ့ညက အမေ့ကိုလာပြောတယ်...သမီးနဲ့တစ်ခန်းထဲအတူတူမနေချင်ဘူးတဲ့"
" ရှင်...."
" ဟုတ်တယ် လီဆာ..အစ်မတို့သားအမိလည်းမေးတာပဲ...ဘယ်လိုမေးမေးမဖြေဘူး...အတင်းအကြပ်မေးတော့လည်းငိုပဲငိုနေတာ...ဘာတွေစိတ်အလိုမကျသလဲမသိပါဘူး...လီဆာကအရမ်းအလိုလိုက်တော့အဲ့ကလေးဆိုးချင်နေတာ"

YOU ARE READING
You're all I want (Completed)
Fanficကျွန်မအတွက်တော့ အချစ်ဆိုတာ ဂျဲန်းနီကင်မ်ပဲ သူပျော်ရွှင်ဖို့အတွက်ဆို အရာအားလုံးကိုစတေးရဲတယ် လာလီဆာမာနိုဘန်