Part ( 28 )

2.8K 144 18
                                    


လီဆာအိပ်ယာကနိုးလာတော့ နေကအတော်ပူနေပြီ။ ဒီနေ့လည်း ဂျဲန်းကိုသတိရတဲ့စိတ်နဲ့နိုးထလာပြန်သည်။ လွမ်းပေမယ့်လည်း လီဆာတတ်နိုင်တာဆိုလို့ ဂျဲန်းကိုသွားချောင်းကြည့်တာပဲရှိတာမလို့ ရေမိုးချိုးကာ အဝတ်အစားလဲပြီးတော့ ထွက်လာခဲ့သည်။ ဂျဲန်းရဲ့အိမ်သို့မသွားခင် ဆိုင်ကိုဝင်ဖို့ဆုံးဖြတ်လိုက်သည်။ ဆိုင်ကိုပစ်ထားတာကြာပြီ ဝန်ထမ်းတွေကစိတ်ချရတဲ့သူတွေဖြစ်ပေမယ့် ချယ်ယောင်းလည်းဆိုင်မှာမရှိသည့်အခြေအနေတွင် လီဆာကပါမသွားလို့မကောင်းတာမလို့ ဆိုင်သို့ဝင်လိုက်သည်။ ဆိုင်မှာလိုအပ်တာတွေကိုလိုက်ကြည့်ပြီး အခြေအနေကိုစစ်ဆေးလိုက်သည်။ ကလေးတွေက တကယ်အားကိုးရတယ် လီဆာတို့နှစ်ယောက်လုံးမရှိပေမယ့် အားလုံးမျက်နှာလွှဲခဲ့လို့ရတော့တော်ပါသေးတယ်။ မှာစရာရှိသည်ကို မှာပြီးတဲ့နောက် ဂျဲန်းဆီသို့သွားရန်အတွက်ဆိုင်မှထွက်လာခဲ့သည်။

ကားကိုတွေ့လျှင် လီဆာလာကြည့်တာကိုသိမှာစိုးလို့ ကားမယူတော့ပဲ ဂျဲန်းရဲ့အိမ်ကို ကားငှားသွားဖို့သာပြင်လိုက်သည်။ လမ်းမမှာတော့ လူအများကဟိုဒီလှုပ်ရှားသွားလာနေကြသည်။ ထိုအချိန်မှာ လီဆာ့ရှေ့သို့ကောင်မလေးတစ်ယောက်ပြေးလာတာကိုတွေ့လိုက်ရသည်။ အရှိန်နဲ့ပြေးလာတာမလို့လီဆာ့မှာရှောင်ချိန်မရှိလိုက်။ တိုက်မိသည့်အရှိန်နဲ့ လီဆာဖင်ထိုင်ရက်ပင်လဲကျသွားသည်။ ကောင်မလေးက တောင်းပန်ပါတယ်တစ်ခွန်းသာပြောပြီးပြန်ပြေးထွက်သွားလေသည်။ လီဆာလည်းလဲကျနေရာမှ ထလိုက်ပြီး ဖုန်အနည်းငယ်ကိုခါလိုက်လေသည်။ ထို့နောက်ကားငှားပြီး ဂျဲန်းရဲ့အိမ်ရှေ့နားမရောက်ခင်မှာဆင်းကာ ကားခရှင်းလိုက်လေသည်။ အိမ်ရှေ့ရောက်အောင်လမ်းလျောက်လာပြီးနောက် ချယ်ယောင်းကိုအကျိုးအကြောင်းမေးရန်ဖုန်းကိုထုတ်လိုက်တော့ လီဆာ့အိတ်ထဲတွင်ဖုန်းမရှိတော့ပေ။ ကားပေါ်မှာလည်းကျန်ခဲ့စရာအကြောင်းမရှိတာကြောင့် ဘယ်မှာကျန်ခဲ့လည်းသေချာစဥ်းစားနေမိသည်။

တအောင့်ကြာမှ ခုနကတိုက်မိသွားတဲ့ကောင်မလေးကိုစဥ်းစားမိလေသည်။ လီဆာ့ကိုအကြောင်းမဲ့တိုက်တာမဟုတ် လီဆာ့ဖုန်းကိုခါးပိုက်နှိုက်သွားတာလေ။ လီဆာလည်းစိတ်ပျက်လက်ပျက်ရယ်မောရင်း အိမ်အတွင်းပိုင်းအခြေအနေကိုအကဲခတ်ပေမယ့် တစ်ယောက်မှထွက်လာတာမတွေ့တာမလို့ အနီးအနားက ကားတစ်စီးကိုငှားကာအိမ်ပြန်လာခဲ့လေသည်။ လီဆာရဲ့အိမ်လေးဆီရောက်ခါနီးတော့ လမ်းလျောက်ချင်လာတာနဲ့ကားကိုရပ်ခိုင်းလိုက်ပြီး တစ်ယောက်တည်းလမ်းလျောက်နေလိုက်သည်။ အဲ့အချိန် လီဆာ့နောက်မှ လူသုံးယောက်လမ်းလျောက်လိုက်လာတာကိုခံစားမိပေမယ့် သူတို့လမ်းသူတို့သွားတာပါဆိုပြီး ဂရုမစိုက်မိ။ တဖြည်းဖြည်းနဲ့လူပြတ်သောလမ်းတစ်နေရာအရောက်တော့နောက်ကလူများက လီဆာကို့မှီလာပြီး ဝိုင်းချုပ်ထားကြလေသည်။

You're all I want (Completed) Where stories live. Discover now