( ၁၀ ) နှစ်ခန့်ကြာပြီးတဲ့နောက် ...
" လူနာက ဒီနှစ်တွေမှာအလုပ်ကိုသည်းကြီးမဲကြီးလုပ်ခဲ့တဲ့ပုံပဲ "
" ဟုတ်ပါတယ် ဆရာ "
သူ့စကားသံအဆုံးဆရာဝန်ကအနည်းငယ်တွေဝေသွားဟန်...။ခဏကြာတဲ့အခါသူ့ကိုတစ်ချက်စောင်းငဲ့ကာကြည့်ပြီးဆရာဝန်ကခေါင်းတဆက်ဆက်ငြိမ့်လေတော့သည်။
" ဒီလိုရောဂါမျိုးဆိုတာက ခွဲစိတ်ပြီးရင်ဘာမှလုပ်လို့မရတော့ဘူးဗျ အလေးအပင်မ,လို့လည်းမရဘူး ထမ်းတာ၊ပိုးတာလည်းလုပ်လို့မရဘူး "
" ... "
" ရှင်းရှင်းပြောရရင် လူနာဖြစ်နေတဲ့ဝေဒနာကသူဌေးရောဂါလို့ပဲဆိုရမယ် အိမ်မှာသက်တောင့်သက်သာနေပြီးထိုင်နေရမယ့်ရောဂါမျိုး "
ဆရာဝန်ရဲ့ရှင်းပြချက်တွေကိုနားထောင်ပြီးခေါင်းကိုမသိမသာလေးသူငုံ့ချပစ်လိုက်မိ၏။ပြီးနောက်စိတ်ခံစားမှုတို့ပြင်းထန်လေတိုင်းလုပ်နေကျဖြစ်တဲ့လက်မနှစ်ချောင်းကိုအကြောင်းမဲ့သူပွတ်တိုက်နေမိသည်။
ဒီရှင်းပြချက်တွေ၊ဒီစကားတွေကအခုတစ်ကြိမ်နဲ့သာဆိုလျှင်သူကြားရတာသုံးကြိမ်မြောက်လေပြီ...။သာမန်လူတစ်ယောက်အတွက်'သုံးကြိမ်မြောက်သတိပေးခံရခြင်းကအတော့်ကိုတရားလွန်းနေပြီ'လို့ဆိုရပေမည်။
သူသည်လည်းလူတွေထဲကလူတစ်ယောက်သာမလို့အကောင်း၊အဆိုးကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိ၏။ပြီးတော့အရာရာကိုစဉ်းစားချင့်ချိန်နိုင်စွမ်းလည်းသူ့မှာရှိသည်။
သို့ပေမယ့်...။
ရှင်သန်နေရတဲ့ဘဝကပန်းခင်းလမ်းလိုမချောမွေ့လေတော့တစ်ခါတရံလူ့ဘောင်၊လူ့စည်းကမ်း၊လူကျင့်ဝတ်တွေကိုချောင်ထိုးထားရ၏။ပြီးတော့သိနိုင်စွမ်း၊မြင်နိုင်စွမ်းကိုလည်းအမှောင်ဖုံးထားရသည်။
" ခွဲခဲ့တာကလည်းနှစ်ကြိမ်မြောက်ပြီ အခုသုံးကြိမ်မြောက်ခွဲပြီးသွားရင်တော့ ဒါနောက်ဆုံးလို့ပဲပြောပါရစေ ဒီတစ်ခေါက်ခွဲပြီးလို့ထပ်ဖြစ်ရင် သမီးအဖေရဲ့အသက်အန္တရာယ်ကစိုးရိမ်စရာဖြစ်သွားပြီ "
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
Romanceဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။