" သဲညှာ "
" တခိုရယ် နောက်ကျလိုက်တာ ငါကနင်မလာတော့ဘူးထင်နေတာ "
ခွဲခန်းအရှေ့မှာခေါက်တုံ့၊ခေါက်ပြန်လမ်းလျှောက်နေတဲ့သဲညှာကတခို့ကိုတွေ့တယ်ဆိုရင်ပဲစကားကိုအလောတကြီးဆိုလိုက်လေသည်။သဲညှာရဲ့ပုံစံကအရမ်းကိုစိတ်လှုပ်ရှားနေဟန်...။စိုးရိမ်ကြောင့်ကြမှုတို့ကသဲညှာရဲ့မျက်နှာထက်မှာအထင်သားပေါ်လွင်လို့နေသည်။
ခွဲစိတ်ခန်းထဲဝင်သွားတဲ့အဖေ့ကိုစိတ်ပူနေရတာကတစ်ဖက်၊'လာခဲ့မယ်'ပြောပြီးပေါ်မလာတဲ့တခို့ကိုမျှော်ရတာတစ်ဖက်နဲ့သူ့မှာတစ်ယောက်တည်းဗျာများနေရသည်။ပေါ်လာနိုး၊ပေါ်လာနိုးမျှော်နေရင်းနဲ့ပင်စိတ်အားငယ်လာမိသည်။နောက်ဆုံးတော့စိတ်ခံစားချက်တွေပြင်းထန်လေတိုင်းဖြစ်တည်လာတဲ့မျက်ရည်ဥတို့ကမှုန်မှိုင်းမှိုင်းမျက်ဝန်းအိမ်ထဲမှာဖွဲ့သီရစ်ဝဲလာခဲ့တော့သည်။
အခုလိုအချိန်မျိုးမှာတခို့ကိုသူလိုအပ်ပါသည်။သူ့အနားမှာတခို့ကိုရှိစေချင်၏။အဆင်မပြေဖြစ်ချိန်တိုင်း၊စိတ်အားငယ်နေတဲ့အချိန်တိုင်းတခိုကအနားမှာအမြဲရှိနေခဲ့တာကြောင့်အခုလိုအခြေအနေမျိုးမှာတခိုကသူ့အတွက်မရှိမဖြစ်လိုအပ်နေမိတာအမှန်ပင်...။သူ့အနားမှာတခိုသာရှိနေရင်သူ့စိတ်တွေလုံခြုံပြီးနွေးထွေးသည်။
နောက်ဆုံးမှာတော့သူ့မျှော်လင့်ချက်တွေပြည့်ဝလာခဲ့၏။တခိုကသူ့ကတိအတိုင်းသူ့ဆီကိုအရောက်လာခဲ့သည်။
တခို့ကိုမြင်တော့မှပဲသူ့စိတ်တွေကပုံမှန်အတိုင်းပြန်ဖြစ်လာခဲ့တော့၏။ပူလောင်နေတဲ့ရင်အစုံကလည်းအခုမှပဲငြိမ်းအေးသွားရသလိုလို...။သေချာတစ်ခုကတော့အဖက်မဆယ်နိုင်လောက်အောင်ပျက်ယွင်းနေတဲ့သူ့မျက်နှာကတခို့ကိုမြင်ရ၊တွေ့ရတော့မှပဲပြုံးနိုင်၊ရယ်နိုင်တော့သည်။
" ကားတွေပိတ်နေလို့ ဦးလေးရော ခွဲခန်းဝင်သွားပြီလား "
" အေ ဝင်သွားပြီ "
" ကြာပြီလား "
" နာရီဝက်လောက်တော့ရှိပြီ "
ကပ်သီလေးလွဲသွားတာပဲ...။
'အလုပ်ဆင်းချိန်ကိုနာရီဝက်လောက်စောပြီးဆင်မယ်'လို့တွေးထားခဲ့ပေမယ့်ဒီနေ့မှပဲအလုပ်တွေကမပြီးပြတ်နိုင်အောင်ရှုပ်နေလေသည်။ဒါတောင်မှရှိသမျှအလုပ်တွေပစ်ချပြီးပြေးထွက်လာခဲ့လို့သာ...။မဟုတ်လို့ကတော့အချိန်(၂၄)လုံးကအလုပ်လုပ်နေရင်းနဲ့ပင်ကုန်ဆုံးသွားနိုင်သည်။
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
Romanceဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။