အပိုင်း - ၁၁

5.9K 235 5
                                    

မနေ့ကလစာထုတ်၏။တိုက်တိုက်ဆိုင်ဆိုင်ပင်...။ဒီနေ့ကသူ့အလုပ်နားရက်ဖြစ်လေသည်။ထို့ကြောင့်မရောက်တာကြာပြီဖြစ်တဲ့သဲညှာတို့အိမ်ဘက်ကိုခြေဦလှည့်ဖို့သူစဉ်းစားထား၏။

ညနေပိုင်းမှာအချိန်ပိုင်းအလုပ်တစ်ခုရှိပေမယ့်နာရီအနည်းငယ်သာလုပ်ရမှာမို့ Cancel လိုက်ဖို့သူတွေးထားသည်။အတွေးနဲ့အတူပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်ပြီးတိုက်ခန်းကနေသူထွက်လာခဲ့လိုက်၏။

အချိန်ကမနက်ခင်းအစောပိုင်းမျှသာရှိသေးသည်။ဆောင်းဦးရာသီမို့သိပ်သည်းနေတဲ့နှင်းမှုန်လေးတွေနဲ့အေးစိမ့်စိမ့်လေထုတို့ကသူ့တစ်ကိုယ်လုံးကိုဝါးမြိုထားလေသည်။

သူနေတဲ့ရက်ကွက်လေးထဲမှာမနက်ခင်းဈေးတစ်ခုရှိသည်။ကြီးကြီးမားမားမဟုတ်ပေမယ့်ရောင်းချသမျှပစ္စည်းတိုင်းကလတ်လတ်ဆတ်ဆတ်ရှိသလိုဈေးလည်းသင့်လှပေသည်။သို့နှင့်သူလည်းဦးလေးအတွက်အသီးအနှံတချို့နဲ့အခြားအာဟာရဖြစ်စေနိုင်တဲ့အရာလေးတွေဝယ်ဖို့အတွက်ထိုဈေးလေးဆီဦးတည်လိုက်၏။

" ကျွန်တော့်ကိုလိ‌မ္မော်သီးနဲ့ပန်းသီး(၅)လုံးစီထည့်ပေးပါဗျ ပြီးတော့ အစ်မအရှေ့ကသစ်တော်သီးပါ(၅)လုံးလောက်ထည့်ပေး "

မနက်ခင်းဈေးဖြစ်တာနဲ့အညီရပ်ကွက်ဈေးလေးကရောင်းသူ၊ဝယ်သူတွေနဲ့ကြိတ်ကြိတ်တိုးစည်ကားလို့နေသည်။ဦးလေးအတွက်လိုအပ်တာတွေဝယ်ပြီးတဲ့အခါသူလည်းတွေ့တဲ့ Taxi တစ်စီးကိုလှမ်းတားပြီးသဲညှာတို့အိမ်ဘက်ဆီထွက်လာလိုက်သည်။

" သဲညှာ "

" ဟေ့ ဘယ်သူလဲကွ သဲညှာမရှိဘူး "

" ကျွန်တော်ပါ ဦးလေး တခိုပါဗျ "

" တခိုလား တက်လာခဲ့လေကွာ အိမ်ပေါ်ကို "

သဲညှာတို့အိမ်လေးကရေနံချေးပြည့်ဝနေတဲ့ခြေတံရှည်သစ်သားအိမ်တစ်လုံးဖြစ်သည်။အတက်အဆင်းကလှေကားထစ်နဲ့မို့ခြေထောက်မသန်တဲ့ဦးလေးအတွက်ကအတော့်ကိုအခက်အခဲဖြစ်စရာပင်...။

အိမ်ပေါ်၊အိမ်အောက်အတက်အဆင်းလုပ်တဲ့အခါသူတစ်ပါးအကူအညီကိုယူရတဲ့ဦးလေးအဖို့အခုလိုတစ်ယောက်တည်းရှိနေချိန်မှာတော့တီဗီအရှေ့မှာသာခြေချုပ်မိနေတတ်သည်။အခုလည်းထိုအတိုင်းသာပင်...။အိမ်ပေါ်ကိုသူတက်သွားတော့ဦးလေးကကွမ်းတမြှုံ့မြှုံးဝါးရင်း Channel တစ်ခုကလွှင့်နေတဲ့အငြိမ့်ဇာတ်သဘင်အစီအစဉ်ကိုမျက်တောင်မခတ်ကြည့်နေလေသည်။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now