တစ်ယောက်သောသူရဲ့လက်တစ်ဖက်ကိုအနောက်ကနေလှမ်းပြီးဆုပ်ကိုင်လိုက်တဲ့အခိုက်အတန့်...။
နံရံထောင့်တစ်နေရာမှာပတ်ဝန်းကျင်ကိုမေ့နေတဲ့အထိတစ်ယောက်ကိုတစ်ယောက်စူးစူးနင့်နင့်စိုက်ကြည့်နေကြတဲ့ပုံရိပ်တွေ...။
ထိုလူနှစ်ယောက်ရဲ့မျက်ဝန်းနှစ်စုံကကွဲပြားတဲ့ခံစားချက်အမျိုးမျိုးကိုဖွဲ့သီထားကြ၏။တစ်ယောက်ကချစ်ခြင်းမေတ္တာကိုပေါ်ပေါ်တင်တင်ထုတ်ဖော်ပြသထားပေမဲ့ကျန်တစ်ယောက်ကတော့ချစ်ခြင်းမေတ္တာတွေကိုအေးစက်စက်အကြည့်တို့အောက်မှာထုတ်ပိုးသိမ်းဆည်းထားလေသည်။
ပြီးတော့...။
နောက်ထပ်...နောက်ထပ်...။
" တောက် "
လက်ထဲကဓာတ်ပုံတွေကိုကြည့်ပြီးပူလောင်နေတဲ့ရင်အစုံကလှုပ်ခတ်လို့သွားရလေ၏။နာကျင်ခြင်းတို့နဲ့အပြိုင်ဝမ်းနည်းစိတ်ကြောင့်ဖြစ်တည်လာတဲ့ဒေါသမီးတို့ကအရာရာကိုဝေဝါးသွားစေတဲ့အထိကြည်လဲ့လဲ့မျက်ဝန်းအိမ်နှစ်ဖက်မှာလှိုင်းတံပိုးထန်စေ၏။
အခုချိန်မှာထိန်းချုပ်ဖို့ခက်တဲ့အရာခပ်သိမ်းသောစိတ်ခံစားမှုတိုင်းအတွက်ရစ်ဝဲနေတဲ့မျက်ဝန်းအိမ်နှစ်ဖက်ကအမုန်းမီးတောက်များတငွေ့ငွေ့တောက်လောင်လို့နေသည်။
" ကဲဟယ် ကဲဟယ် "
ကျိုးကြေမတတ်ဆုပ်ကိုင်ထားမိတဲ့ဓာတ်ပုံတွေကိုစိတ်ရှိသလိုဆုပ်ဖြဲလိုက်တဲ့အခိုက်အတန့်မှာရစ်ဝဲနေတဲ့မျက်ဝန်းအိမ်ထဲကနေအရည်ကြည်တို့ကပါးပြင်ထက်ကိုကြွေကျသက်ဆင်းလာလေသည်။
ဒီမြင်ကွင်း၊ဒီပုံရိပ်တွေကသူ့အတွက်တော့အဒိဌာရုံမြင်ကွင်းတစ်ခုသာဖြစ်သည်။ထိုထက်မပိုပေ...။
လုပ်ရက်လိုက်တာ...။
အတန်တန်တားနေတဲ့ကြားကသူ့အသဲကိုနာကျင်အောင်လုပ်ရက်လေခြင်းပင်...။ရပ်ဝန်းကသူ့ကိုစကားလုံးတွေနဲ့ထိုးနှက်တာအားမရလို့ဖြစ်မည်။အပြုအမူလုပ်ရပ်တွေနဲ့ထပ်ပြီးသူ့ရင်ကိုအစိမ်းလိုက်ခွဲပြန်၏။
ချစ်မိသူအရှုံးတဲ့...။
သူရှုံးရတော့မှာလား...။
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
Romanceဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။