သူ့ရဲ့စကားကိုကြားတဲ့အခါဦးထွန်းအောင်ကအကြီးအကျယ်ရှော့ခ်ရသွားပုံရ၏။စကားတစ်ခွန်းမှမဆိုနိုင်ပဲသူ့ကိုကြောင်အ,ကာကြည့်နေလေတော့သည်။
" မောင် မောင်ရပ်ဝန်းဘာပြောလိုက်တယ် "
အံ့ဩမှုတို့ကြောင့်ဦးထွန်အောင်ရဲ့အမူအရာကဟန်ပင်မဆောင်နိုင်လောက်အောင်ပျက်ယွင်းလို့နေ၏။မျက်နှာထက်မှာဖွဲ့သီထားတဲ့အပြုံးတို့သည်လည်းအခုအချိန်မှာအစ၊အနရှာမရအောင်ပျောက်ရှသွားလေပြီ...။
သူ့စကားကိုအမြဲတမ်းတသွေမတိမ်းနာခံတတ်တဲ့ရပ်ဝန်းဆီကနေဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ဦးထွန်းအောင်ကလုံးဝကိုမထင်ထားခဲ့မိပေ...။နောက်ဆုံးတော့လည်းရပ်ဝန်းဟာလူတွေထဲကလူတစ်ယောက်ပင်ဖြစ်ပေ၏။
" ကျွန်တော်တောင်းပန်ပါတယ် အန်ကယ် ကျွန်တော်ဒီစကားကိုပြောဖို့အစီအစဉ်ရှိခဲ့တာကြာပါပြီ "
" အဖက်ဖက်ကစဉ်းစားချင့်ချိန်နေရင်းနဲ့အချိန်တွေကကြာမှန်းမသိကြာသွားခဲ့တာပါ "
" ... "
ဒီတစ်ခါလည်းဦးထွန်းအောင်အံ့ဩရပြန်သည်။
အံ့ဩလွန်းလို့လူကစကားတစ်ခွန်းမှပင်မဆိုနိုင်တော့ပေ...။ရပ်ဝန်းကိုငေးကြည့်နေရုံသာဦးထွန်းအောင်တတ်နိုင်တော့၏။ဒီစကားကိုပြောဖို့အစီအစဉ်ရှိနေခဲ့တာကြာပြီတဲ့လား...။
ဘယ်တုန်းကတည်းကလဲ...။
'အစီအစဉ်ရှိတယ်'ဆိုကတည်းကရပ်ဝန်းမှာသမီးပြောသလိုနောက်တစ်ယောက်ရှိနေပြီဆိုတာသေချာလေပြီ...။ထိုသူကားသမီးပြောပြောနေကျရပ်ဝန်းရဲ့အဆက်ဟောင်းပဲဖြစ်လေမလား...။
ရပ်ဝန်းပြောတဲ့စကားကိုသူနားလည်၏။ရပ်ဝန်းကသူ့ရဲ့ကျေးဇူးတရားတွေကြောင့်ဒီကိစ္စကိုဖွင့်ပြောဖို့ကိုနှောင့်နှေးနေခြင်းပင်...။မည်သို့ပင်ဖြစ်စေအချိန်တန်တော့လည်းကျေးဇူးတရားကဘေးကိုရောက်ပြီးလိုအင်ဆန္ဒကအရှေ့ကိုရောက်တာပဲဖြစ်သည်။
" အန်ကယ့်ကိုခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုလောက်ပေးလို့ရမလား မောင်ရပ်ဝန်း "
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
रोमांसဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။