အပိုင်း - ၂၀

6.2K 200 3
                                    

ခါးထက်ကိုရစ်ပတ်ဖက်တွယ်လာတဲ့လက်တစ်စုံကြောင့်သူ့ရဲ့လှုပ်ရှားမှုအလုံးစုံကရပ်တန့်သွားရတော့သည်။ထိုအခိုက်မှာပဲသူ့ပခုံးတစ်ဖက်ကတစ်စုံတစ်ယောက်ရဲ့မှီခိုခြင်းကိုခံလိုက်ရ၏။

" ဘာဖြစ်လို့အစောကြီးထလာရတာလဲ "

" မင်းမှမရှိတာ "

ထိုသို့ဆိုပြီးတဲ့အခါရပ်ဝန်းကသူ့နှာဖျားကိုတခိုရဲ့လည်တိုင်ကြားထဲမှာပွတ်သတ်ကာဆော့ကစားလိုက်၏။မျက်လုံးကတော့ပွင့်မလာသေးပဲလုပ်ချင်ရာလုပ်နေတဲ့ရပ်ဝန်းကိုတခိုကနှုတ်ဆိတ်ကာငဲ့ကြည့်နေလေသည်။သူလုပ်သမျှကိုဟန့်တားခြင်းမရှိပဲငြိမ်ခံနေတဲ့တခိုကြောင့်ရပ်ဝန်းရဲ့အပြုအမူကပိုပြီးရဲတင်းလာတော့သည်။

နောက်ဆုံးမှာတော့ကလေးလိုလို၊ခွေးလိုလိုလုပ်နေတဲ့ရပ်ဝန်းကိုတခိုကစိတ်ရှုပ်သွားဟန်ဖြင့်သက်ပြင်းတစ်ချက်ကိုလေးလေးပင်ပင်ချလိုက်မိတော့သည်။သဲညှာကိစ္စပြေလည်သွားစေဖို့အတွက်အပေးအယူသဘောအနေနဲ့ရပ်ဝန်းရဲ့တောင်းဆိုချက်အတိုင်းတခိုကရပ်ဝန်းအနားကိုပြန်ရောက်လာခဲ့၏။

ဒီလူနဲ့ပတ်သတ်ပြီးဖြစ်ခဲ့သမျှအရာအားလုံးကိုပြည်ဖုံးကာချထားခဲ့သလို၊'ဘယ်တော့မှဒီလူနဲ့သံသရာထပ်မဆုံတော့ဘူး'လို့သူ့ဘက်ကသံဓိဌာန်ချထားခဲ့ပေမယ့်ကံကြမ္မာကကျီစယ်လွန်းသည်။သူ့အနေနဲ့ဒီလူနဲ့မဆုံဆည်းအောင်မည်သို့ပင်ကာဆီးနေပါစေ၊ကံကြမ္မာကသူ့ကိုဒီလူ့ကိုမရောက်ရောက်အောင်နောက်တစ်ကြိမ်တွန်းပို့ခဲ့ပြန်၏။

နောက်ဆုံးတော့လည်းကံကြမ္မာရဲ့အလိုတော်အတိုင်းသာပင်...။

" အစောကြီးဘာထလုပ်နေတာလဲ "

" မနက်စာချက်နေတာ မင်းရုံးမသွားခင် မနက်စာစားသွားလို့ရအောင် ပြီးတော့ငါလည်းဒီနေ့အလုပ်ကိုစောစောသွားရမယ် "

အနောက်ကလူကသူ့ကိုထွေးဖက်ထားဆဲသာ...။

ပွတ်သီး၊ပွတ်သပ်လုပ်နေတဲ့ရပ်ဝန်းကြောင့်သူ့မှာအလုပ်ကိုကောင်းကောင်းမွန်မွန်မလုပ်ရတော့ပေ...။မလုပ်ဖို့တားရင်ပိုပြီးလုပ်တတ်တဲ့ရပ်ဝန်းကြောင့်သူ့မှာနှုတ်ဆိတ်နေရ၏။

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now