" Beep "
" ဟဲလို "
" ... "
" ဘာ "
" စစ်မင်း ဂျာကြီးကိုပြောလိုက် ဒီနေ့ငါအလုပ်မဆင်းတော့ဘူးလို့ "
" ဟေ ဟာ ဟျောင့် "
စကားကိုလျှာခလုတ်တိုက်မတတ်ဆိုရင်းအဝတ်လဲခန်းထဲကနေသူပြေးထွက်လာခဲ့လိုက်သည်။အပြင်ကိုရောက်တဲ့အခါတွေ့တဲ့ Taxi တစ်စီးကိုလှမ်းတားပြီးကားထဲကိုကမန်းကတန်းသူပြေးဝင်လိုက်သည်။
" ကျွန် ကျွန်တော့်ကို (.....) ရဲစခန်းကိုမြန်မြန်လေးမောင်းပေးပါ "
အလောတကြီးသူဆိုလိုက်ပေမယ့် Taxi သမားကကားကိုမောင်းထွက်မသွားသေးပဲ Back မှန်ကနေတစ်ဆင့်သူ့ကိုကြောင်ပြီးကြည့်နေလေသည်။ပုံမှန်မဟုတ်တဲ့သူ့ပုံစံ၊သူ့ရဲ့အခြေအနေကကားသမားကိုနှောင့်နှေးစေဖို့တွန်းအားပေးလိုက်ပုံရသည်။
" အရမ်းအရေးကြီးနေလို့မြန်မြန်လေးမောင်းပေးပါဦး အစ်ကို "
ဒုတိယအကြိမ်မြောက်အလောတကြီးသူဆိုလိုက်တဲ့အခါကားမောင်းသမားကအိပ်မက်ကနေလန့်နိုးလာတဲ့လူတစ်ယောက်လိုလှုပ်လှုပ်လှုပ်ရှားရှားဖြစ်လာကာ...
" ဟင် ဪ ဟုတ်ပြီ ဟုတ်ပြီ ညီလေး "
အရှိန်နဲ့မောင်းနှင်ပြီးထွက်ခွာလိုက်တာကြောင့်အေးစိမ့်နေတဲ့လေထုတို့ကကားထဲကိုအလုံးအရင်းနဲ့ဝင်ရောက်လာလေသည်။ထိုအေးစက်ခြင်းတို့ကတစ်ကိုယ်လုံးကိုဝါးမြိုထားပေမယ့်ရင်ထဲမှာတော့ပူပြင်းလောင်မြှိုက်ခြင်းတို့ကအတိုင်းအဆမဲ့စွာကိန်းဝပ်ဖြစ်တည်လို့နေ၏။
ထို့နောက်မှာတော့...
ဖြတ်သန်းမောင်းနှင်လာတဲ့ကားမှတ်တိုင်တွေ...။
တရိပ်ရိပ်ပြတ်ကျန်ခဲ့တဲ့မြင်ကွင်းပုံရိပ်တွေ...။
တည်မြဲခြင်းကင်းမဲ့နေတဲ့ထိုအရာတွေအားလုံးရဲ့အစွန်းတစ်ဖက်မှာသူ့စိတ်၊သူ့အတွေး၊သူ့ရဲ့အရာအားလုံးကစုဖွဲ့ရပ်တန့်နေကြကုန်သည်။
' သဲညှာကိုပိုက်ဆံခိုးယူမှုနဲ့ဖမ်းထားတယ် ' တဲ့လေ...။
ဒီသတင်းကြောင်ပဲသူ့ရဲ့ရင်ထဲမှာခိုအောင်းနေတဲ့စိုးရိမ်ပူပန်ခြင်းတို့ကမှတ်တိုင်တွေ၊မြင်ကွင်းပုံရိပ်တွေလိုပုံစံအမျိုးမျိုးပြောင်းလဲမသွားပဲတသမတ်တည်းဖြစ်ပေါ်နေခြင်းပင်...။တကယ်တော့သူကသဲညှာတစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်ပူပန်နေခြင်းသာ...။
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
Romansaဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။