အပိုင်း - ၂၁

6.3K 215 2
                                    

သတိမလည်လာသေးတဲ့သဲညှာကိုမျက်တောင်မခတ်သူငေးစိုက်ကြည့်နေမိ၏။သဲညှာမေ့မြောနေတာအချိန်(၁)လကျော်သွားလေပြီ...။ထိခိုက်မှုကပြင်းထန်လွန်းတဲ့အတွက်အခုလိုဖြစ်နေရခြင်းပင်...။

သဲညှာကိုဒီအခြေအနေကနေလွှတ်မြောက်ဖို့သူတို့အများကြီးကြိုးစားခဲ့ကြသည်။သို့‌သော်ဘယ်လိုပဲကြိုးစား၊ကြိုးစားနောက်ဆုံးရလာဒ်ကတော့မပြောင်းလဲသွားပေ...။နောက်ဆုံးမှာတော့အသက်ဘေးကနေလွှတ်မြောက်သွားခဲ့ပြီဆိုတဲ့အချက်နဲ့ပဲသူတို့ဖြေသိမ့်နိုင်ခဲ့ကြသည်။

သဲညှာအရင်လိုအခြေအနေပြန်ဖြစ်လာဖို့ကသူတို့အနေနဲ့အချိန်တစ်ခုတော့စောင့်ရပေဦးမည်။

" နင်အိပ်နေတာအရမ်းကိုကြာနေပြီ သဲညှာ "

" ... "

" ဘယ်အချိန်မှနင်ပြန်နိုးလာမှာလဲ ဦးလေးရော၊ငါနဲ့ရပ်ဝန်းရော နင်ပြန်နိုးလာမယ့်အချိန်စောင့်နေကြတာဟ "

" ... "

" နင်ပြောတော့ ငါနဲ့ရပ်ဝန်းရဲ့မင်္ဂလာပွဲမှာသတို့သမီးအရံလုပ်ချင်တယ်ဆို "

" ... "

" နင့်ဆန္ဒတွေဖြည့်ဆည်းပေးဖို့ငါတို့စောင့်နေတယ် သဲညှာ "

" ... "

" နင်မြန်မြန်နိုးလာခဲ့တော့ဟာ "

သဲညှာကိုအခုလိုပုံစံနဲ့မြင်ရလေတိုင်းသူ့ကိုယ်သူအပြစ်တင်မိ၏။သူ့ကြောင့်သဲညှာကအခုလိုဖြစ်သွားရခြင်းပင်...။သူသာမပေါ့ဆခဲ့ရင်သဲညှာအခုလိုဖြစ်စရာအကြောင်းမရှိပေ...။

" ဪ ငါ နင့်ကိုပြောဖို့မေ့နေတာ "

" ... "

" နင် ပျိုးထားတဲ့နှင်းဆီပင်လေးတွေတောင်ပွင့်နေပြီဟ "

" ... "

" ပြီးတော့ နင့်ကိုလိုက်ကြောင်နေတဲ့လမ်းထိပ်ကရဲခေါင်ကလည်း ဒီရက်ထဲမှာမင်္ဂလာဆောင်တော့မယ်တဲ့လေ "

" အဟင်း "

" ... "

" နင့်ကိုငါပြောတယ်မဟုတ်လား အဲကောင်ကနင့်ကိုတကယ်မချစ်ပါဘူးလို့ အဲကောင်ကငကြောင် နှာဗူး "

ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )Where stories live. Discover now