" မပျိုပျိုခင်က တွေ့ခွင့်တောင်းနေပါတယ် Boss "
" ဝင်လာခိုင်းလိုက် "
ဝန်ထမ်းကောင်မလေးထွက်သွားပြီးနောက်သိပ်မကြာခင်မှာပဲတံခါးခေါက်သံသဲ့သဲ့ကရုတ်တရက်ထွက်ပေါ်လာခဲ့၏။
" ဝင်လာခဲ့ "
ခွင့်ပြုသံအဆုံးအခန်းတံခါးကချက်ခြင်းပွင့်လာလေသည်။အလုပ်လုပ်နေရင်းနဲ့တစ်ချက်လှမ်းကာကြည့်လိုက်မိတော့ပျိုပျိုခင်ကအခန်းထဲကိုကြွကြွရွရွလေးလျှောက်လာနေရင်းသူ့ကိုလက်ကလေးထောင်ပြကာနှုတ်ဆက်စကားဆိုလာ၏။
" မင်္ဂလာပါ ကိုရပ်ဝန်း "
ပျိုပျိုခင်ကိုကြည့်နေတဲ့ရပ်ဝန်းရဲ့မျက်ဝန်းတို့ကရှုပ်ထွေးခြင်းတို့နဲ့ပြည့်နှက်နေလေ၏။ထိုခံစားမှုကြောင့်ပဲမျက်နှာအမူအရာကမှုန်ကုတ်ကုတ်ဖြစ်လို့သွားရသည်။
သူပဲအထင်မှားတာလား...။
ပျိုပျိုခင်ရဲ့ပုံစံကအရင်ကနဲ့လုံးဝကိုမတူပဲတက်ကြွလွန်းနေသည်။အမူအရာ၊အပြောအဆိုကအစပင်...။
" ကိစ္စရှိလို့လား ပျိုပျိုခင် "
" ကိစ္စရှိမှလာရမှာလားလို့ ကိုရပ်ဝန်းကပျိုခင့်ကိုဆိုသိပ်စိမ်းကားတာပဲ "
စိတ်ဆိုး၊စိတ်ကောက်ဟန်ဖြင့်စကားကိုညုတုတုဆိုရင်းပျိုပျိုခင်ကရပ်ဝန်းရဲ့အနီးအနားကခုံမှာထိုင်ချလိုက်သည်။အပြော၊အဆို၊အမူအရာတွေကအစလုံးဝကိုပြောင်းလဲနေတဲ့ပျိုပျိုခင့်ကိုကြည့်ပြီးရပ်ဝန်းဇဝေဇဝါဖြစ်နေမိတာအမှန်ပင်...။
ပျိုပျိုခင် ဘာဖြစ်နေတာလဲ ...။
" ကိုရပ်ဝန်းကိုမတွေ့တာကြာလို့လေ အဲဒါနဲ့ သတိရလို့ခဏဝင်လာတာပါ "
ပျိူပျိူခင်ရဲ့စကားကရပ်ဝန်းရဲ့မျက်ခုံးတန်းနှစ်ဖက်ကိုမသိမသာလေးမြင့်တက်သွားစေသည်။လွန်ခဲ့တဲ့ရက်ကမှဒေါသတကြီးနဲ့သူ့အပေါ်ကိုအမုန်းတရားတွေကြီးမားနေတဲ့ပျိုပျိုခင်ကဒီနေ့မှထူးထူးခြားခြားသူ့ကိုသတိရသတဲ့လား...။
အတွေးတို့နဲ့ယောက်ယက်ခတ်နေစဉ်မှာပဲ...,
" အား နားလိုက်တာ ကျွတ်ကျွတ် "
YOU ARE READING
ရည်းစားဟောင်းလေးကအသဲမာလွန်းတယ် ( Completed )
Romanceဒီရင်ခွင်မှာတသက်တာခိုနားခွင့်ရဖို့အတွက်'ရင်တခို'ကိုအပိုင်ရမှဖြစ်မယ်။