Promise 3

1.4K 101 29
                                    

"ထတော့ ထမင်းစားမယ် "

"ဟင် ~~"

"ထတော့ကလေးငယ် "

"အင်း "

"ကိုယ် ကြက်ပြုတ်လေးလုပ်ထားတယ် "

"........"

စောင်ပုံထဲမြုပ်နေတဲ့ကလေးငယ် ပြဿနာတွေအများကြီးဖြစ်သွားပြီးနောက်ပိုင်း ပိန်လာလိုက်တာ သူ့အမှားလဲမကင်းပေ လုံးလုံးလေးကနေအခုတော့ သူ့ရင်ခွင်ထဲမြုပ်နေပြီ လက်မောင်းလေးတွေလဲသေးသေးပဲရှိတော့သည်

"စားနော် အာ ~~ဒါကုန်သွားရင် ခြံထဲလမ်းဆင်း‌လျှောက်ကြမယ် "

"အွန်း "

"လိမ္မာလိုက်တာ "

"တော်ပြီ "

စားတာမှလေးစွန်းပဲရှိသေးတာကိုတော်ပြီတဲ့လား မရဘူး ရိပေါ်အားနည်းပြီးနေမကောင်းဖြစ်ရင်ဘယ်လိုလုပ်မလဲ

"စားဦး ကလေးငယ် "

"‌ဟင့်အင်း မကြိုက်ဘူး"

"လိမ္မာပါတယ်ကွာ နော် စားလိုက် "

ချော့မော့ပြီးကျွေးမှ တစ်ဝက်လောက်ကုန်သွားတယ် ပြီးတာနဲ့ အင်္ကျီတွေလဲပေးကာ ပြောထားတဲ့အတိုင်းခြံထဲမှာလမ်းဆင်းလျှောက်ကြသည်

"သား~~~သားငယ်လေး "

"မားမား !!"

"မသွားရဘူး!"

ခြံထဲလမ်းလျှောက်နေတုန်း ခြံတံခါးရှေ့က ခေါ်လာတဲ့အသံကြောင့်ကြည့်မိတော့ ကလေးငယ်ရဲ့အမေ ပြီးတော့သူ့အကို သူ့အဖေလဲ ပါလာသေးတယ် ရှောင်ကျန့်စိတ်ရှုပ်စွာ မျက်မှောင်ကျုံ့ လိုက်မိတယ် ကလေးငယ်က သူ့မားကိုတွေ့တာနဲ့ခြံတံခါးနားပြေးချင်နေတာကြောင့်အမိအရလှမ်းဆွဲထားလိုက်တယ်ဘယ်ကနေဘယ်လိုလိပ်စာသိသွားလဲ ရှောင်ကျန့်သိမနေ ဒါပေမယ့် ရိပေါ်ကိုတော့ သူတို့နဲ့လုံးဝပြန်ထည့်ပေးလိုက်မည်မဟုတ်

"သားကြီး ရယ် သားငယ်လေး ‌မားရဲ့သား "

"မားမား ဆီသွား မယ် လွှတ် ခင်များလွှတ်ပေးလို့ အီးးဟီးး "

"တိတ်စမ်း ဟျောင့်တွေ သူတို့ကိုမောင်းထုတ်လိုက် "

"ဟမ် !! ဟင့်အင်း မလုပ်ပါနဲ့ မားတို့ကိုမလုပ်ပါနဲ့"

Promise Where stories live. Discover now