ရှောင်မားရဲ့ဇာပနပွဲပြီးတဲ့အထိ ရှောင်ကျန့်ဟာ အေးဆေးတည်ငြိမ်နေခဲ့တယ် အကြောင်းရာတစ်ခုဟာသူ့နားထဲရောက်မလာခင်ထိပေါ့
"သား ဒီမှာပဲနေမလို့လားတစ်ယောက်ထဲလေ "
"အင်း ကျနော့်အိမ်လေ "
ဧည့်ခန်းထဲကဆိုဖာခုံပေါ်ထိုင်နေကာ မျက်ဝန်းတွေမှေးမှိတ်ထားသည် အဖေဖြစ်သူကဘယ်လိုပဲလိုက်ဖို့ခေါ်နေပါစေ အဖက်ပင်မလုပ် ဒါနဲ့ပဲရှောင်ပါးဟာနောက်ဆုံးနည်းလမ်းထုတ်သုံးရတော့မည်
"စုံစမ်းထားခိုင်းတာသိရပြီ "
"ဘယ်သူတဲ့လဲ "
သိချင်စောဘယ်လောက်များလဲ ရှောင်ပါးရဲ့စကားကြောင့်ချက်ချင်းမျက်လုံးဖွင့်ကာအဖေဖြစ်သူကိုကြည့်လာပြီးမေးလာခဲ့သည် ဒီအခွင့်ရေးကိုအမိအရအသုံးချရပေမည်
"အိမ်မှာလိုက်နေရင်ပြောပြမယ် "
"ဟာ ပြီးရောဗျာလိုက်နေမယ် ကျနော့်ကိုဘယ်သူတိုင်တာလဲ"
"ဝမ်ကျိယန် "
"ဘာ !!"
"ပြဿနာသွားမရှာနဲ့သား သူတို့အခုလိုသားကိုနိုင်နေတာ သားကဘာမှမဟုတ်တဲ့သုညဖြစ်နေလို့ပဲ ပါးနဲ့လိုက်ပြီးကိုယ့်ဘဝကိုတောက်ပြောင်အောင်လုပ်ပြလိုက်စမ်းပါ ပိုက်ဆံရှိတဲ့ တစ်ချိန်ကျ သူတို့ကိုနင်းချေလို့ရတယ် ချယ်လှယ်လို့ရတယ် ရိပေါ်ဆိုတဲ့ကောင်လေးကိုသားအပိုင်သိမ်းလို့ရတယ် "
ဒီစကားဟာ ဖခင်တစ်ယောက်အနေနဲ့ မပြောသင့်ပေမယ့် သူ့သားကြိုးစားချင်စိတ်ဖြစ်အောင်ဆိုရင် သူနဲ့သာ နိုင်ငံခြားကိုလိုက်မယ်ဆိုရင် ရှောင်ပါးဟာပြောကိုပြောရမယ် သူ့သားအတွက်ပဲ မသေခင် သူ့ရဲ့တစ်ဦးတည်းသောသားကိုစိတ်ချသွားချင်တယ်
"ပါးပြန်နှင့် ကျနော်လိုက်ခဲ့မယ် အထုတ်တွေသိမ်းချင်လို့ "
"ငါ့သားကလူလိမ္မာလေးပဲ အေးဆေးနား ပြီးမှလိုက်လာ"
အချိန်တစ်ခုထိအခန်းထဲမှာပဲနေမြဲတိုင်းနေနေတဲ့ရှောင်ကျန့်ဟာ အခန်းထောင့်ကအမှောင်ကျသည့်နေရာကိုသာစူးစိုက်စွာကြည့်နေခဲ့သည်
YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...