"ရိပေါ် "
"အင်း ကျုးကျုး"
"စာမေးပွဲတွေဖြေနေပြီ "
"ဘာလဲ နင်ကနောက်ရက်ဖြေမယ့်စာမရလို့လား"
"စာမေးပွဲနောက်ကဆုံးရက်ကျရင် နင်ရှောင်ကျန့်ကိုပေးမယ်ပြောထားတဲ့ကိစ္စ "
"အာ စာမေးပွဲပြီးရင် သူနဲ့တွေ့ရတော့မှာမဟုတ်ဘူးလေ ကျောင်းလဲပိတ်ပြီဟာ ဒီရက်ထဲငါသူ့ကိုရှောင်လို့ရတယ် "
"အင်း နင်တကယ်ပဲ သူ့ကိုနည်းနည်းလေးတောင်စိတ်မဝင်စားဘူးလား "
"ငါအဲ့တာတွေမစဉ်းစားချင်သေးဘူး ကျူးကျူး "
"အင်းပါ ဟိုမှာ လီဖန်းလာပြီ "
"အင်း မနက်ဖြန်မှတွေ့မယ်နော် "
"အိုကေအိုကေ "
နောက်ဆုံးစာမေးပွဲမို့ စာမေးပွဲပြီးတာနဲ့ ကျောင်းလဲပိတ်ပြီရိပေါ်အနေနဲ့ ရှောင်ကျန့်ကိုလဲတွေ့စရာမလိုတော့ဘူး ဒါကြောင့် အခုနှစ်ရက်ကျန်တဲ့ အချိန်မှာ သေချာပေါက် ရှောင်ရမယ်လို့ရိပေါ်က စဉ်းစားထားပြီးသားပင်
"သားငယ် "
"ဗျာ ပါးပါး "
"စာမေးပွဲဖြေနိုင်ရဲ့လား "
"ဟုတ်ဖြေနိုင်ပါတယ် "
"ကလင် ကလင် ကလင် ☎️☎️☎️"
"နေနေပါးပါးသွားကိုင်လိုက်မယ် "
ညစာထမင်းစားနေတုန်း ဖုန်းဝင်လာတာကြောင့် ထမလို့လုပ်တဲ့ရိပေါ်ကို ပါးပါးကဆက်စားနေပြီးသူသွားကိုင်သည် ကိုကြီးကတော့အိမ်မှာမရှိညဂိုင်းဆင်းရမှာမို့အလုပ်မှာပဲညအိပ်မည်တဲ့
"ဟလို "
"ဒါက ရိပေါ်အိမ်ကဖုန်းလားမသိဘူးခင်မျ"
"ဟုတ်ပါတယ် "
"ကျနော်က သူ့သူငယ်ချင်းပါ သူနဲ့စကားပြောလို့ရမလား"
"ခဏကိုင်ထားပါ ကောင်လေး ....သားငယ် ဖုန်းလာတယ် "
"ဟုတ်ကဲ့ပါးပါး "
ဖုန်းလာကိုင်တဲ့ရိပေါ်ကိုပါးပါးက မျက်မှောင်ကျုံ့ကြည့်ကာ ဖုန်းကိုထိုးပေးသည်

YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...