"သားငယ် ထည့်စားလေ "
"ဟုတ် မားမား"
"စာတွေလိုက်နိုင်လား သား"
"လိုက်နိုင်ပါတယ်ပါးပါး "
"အင်း ဒီလမ်းထိပ်မှာ အင်္ဂလိပ်စာသင်တန်းဖွင့်ထားတယ် သင်ပေးတဲ့ဆရာကလဲ ပါးအသိလေ တကယ်လို့ သားတက်ချင်ရင်ပြော "
"တကယ်လားပါ သားတက်ချင်တယ် "
"အင်းနည်းနည်းတော့ဝေးပေမယ့် ညနေအချိန်တွေပါမယ်ဆို စက်ဘီးလေးတစ်စီးတော့စီစဉ်ပေးမယ် "
"အထူးအဆန်း အရင်က အပြင်တောင်မထွက်ခိုင်းတဲ့ပါးက ငယ်လေးကိုစက်ဘီးတောင်ပေးမယ်ပေါ့ စာတောင်အိမ်မှာပဲခေါ်သင်လာတာကိုလေ "
"အင်း ဟုတ်တယ်သားလတ် မဟုတ်လဲ ပတ်ဝန်းကျင်က သားလေးမွေးပြီးဉထားတယ်ပြောနေကြတာ သူလဲ အရွယ်ရောက်နေပြီလေ "
"ဒါပေါ့ ဒါပေမယ့်သားငယ် မားပေးဆေးတွေတော့ပုံမှန်စောက်ရမယ်နော် အခုရောရှိသေးလား "
"ဟုတ် ရှိသေးတယ်မားမား "
"အင်းအင်း "
"ပြီးတော့လေ သမီးကြီးက ကလေးလေးတောင်မွေးပြီးပြီ ယောကျာ်းလေးတဲ့ "
"ဟုတ်လားမားမား "
"ထမင်းစားတော့ !"
အိမ်ထဲမှာပဲအနေများတဲ့ရိပေါ်က ပါးပါးကျေးဇူးကြောင့် အပြင်မှာစာသင်ဖို့ သင်တန်းတက်ဖို့ရှိလာပြီ ညစာထမင်းဝိုင်းလေးမှာ ပါးပါးက သင်တန်းကိစ္စကိုပြောနေခဲ့သည် လီဖန်းကတော့တက်မည့်ပုံမပေါ် ဒါဆို သူတစ်ယောက်ထဲပေါ့ ဘာပဲပြောပြော စာသင်မှာပဲဟာ မမကလဲကလေးလေးရပြီတဲ့တွေ့ဖူးချင်တာတော့အမှန်ရိပေါ်က တူလေးလိုချင်နေခဲ့တာဆော့ဖော်ဆော့ဖတ်ပေါ့ အခုတော့ အဝေးက တူငယ်လေးကိုဖုန်းထဲကတစ်ဆင့်ငေးရတယ် ပါးပါးကတော့တစ်ခါပဲကြည့်တယ် မမကိုစိတ်နာတာလဲ ပါမှာပေါ့ မမက သဘောမတူတဲ့သူနဲ့မှယူပြီးထွက်သွားခဲ့တာကိုး အခုပဲကြည့်လေစကားဝိုင်းမှာ မမပါလာတာနဲ့ဟောက်တော့တာပဲ
"ရှောင်ကျန့်မလာစဖူးလာစဖူးပါလား "
"အင်း "
"မျက်နှာလဲ မကောင်းပါလား ငါ့တူ"
"ဒီလိုပါပဲ ညစ်စရာလေးရှိလို့ "
![](https://img.wattpad.com/cover/352823256-288-k521312.jpg)
YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...