ဒီနေ့ ရိပေါ်က ကိုကိုနဲ့အတူရုပ်ရှင်ကြည့်ဖို့ချိန်းထားတယ် အားလပ်ရက်မို့ အဆင်ပြေသည် အိမ်ကမားမားတို့ကလဲ ထွေထွေထူးထူးမမေး အခုတလော ကိုကိုကအရင်ကနဲ့မတူဘဲ ရိပေါ်အပေါ်တော်တော်လေးကောင်းသည် စကားကြမ်းတွေမပြောတော့ဘူး ရိပေါ်ဘာလုပ်လုပ်ပြုံးပြုံးလေးကြည့်တတ်တယ် ဒိလိုအပြုမူလေးတွေကိုပဲရိပေါ်ကလဲ နစ်မွန်းနေတာဖြစ်သည်
"ကလေး ရောက်နေတာကြာပြီလား"
"ဟင့်အင်း မကြာသေးဘူးကိုကို "
"လာရုပ်ရှင်ချိန်နီးနေပြီသွားကြည့်ရအောင် "
"ဟုတ် "
ရှောင်ကျန့် ကောင်လေးကိုချစ်မိနေပြီ ဝမ်ရိပေါ်ဆိုတဲ့နွံလေးကိုမရုန်းထွက်နိုင်တော့ပါဘူး
"ကိုကို ဒါလေး "
"အင်း "
"ဟုတ် ကိုကိုဒါလေးလဲဖောက်ပေး ဟီးး "
ရုံထဲ ရောက်ရောက်ချင်းမုန့်ထုတ်တွေနေရာချကာ ပိတ်ကားကိုမကြည့်ဘဲ မုန့်တွေတစ်ခုပြီးတစ်ခု ဖောက်စားနေတဲ့ကောင်လေး ကြောင့်ရှောင်ကျန့်မှာ မုန့်ထုတ်တွေအချိုရည်တွေဖောက်ပေးနေရသည် ပုံစံကတော့ကလေးထိန်းလိုမျိုးပေါ့
"အီးး ကိုကို "
"ဘာဖြစ်တာလဲ "
"သရဲ ကားကြီးလား "
"အင်းလေ ဘာဖြစ်လို့လဲ "
"သရဲကြောက်တယ် မကြိုက်ဘူး "
"ဟော အဟမ်း လာကိုယ့်ရင်ခွင်ထဲ "
မုန့်တွေစားနေတဲ့ကောင်လေးက မုန့်ကုန်သွားမှ ရုပ်ရှင်ဆီအကြည့်ရောက်တယ် ခဏအကြာမှာ ငိုသံစွတ်နေတဲ့အသံသေးသေးလေးထွက်လာတယ် သူကသရဲကြောက်တယ် တဲ့လေ ဒါဟာရှောင်ကျန့်အတွက်အခွင့်ထူးအခွင့်ဦးလေးပေါ့ ခုံလေးပေါ်ခြေထောက်နှစ်ဖက်ကိုပူးတင်ကာလက်တွေနဲ့ပိုက်ထားတဲ့ကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီးဖတ်ထားလိုက်သည် ခေါင်းလုံးလေးကိုအနမ်းပေးတော့သူ့ကိုမော့ကြည့်လာသည် လှသည် ကောင်လေးရဲ့ မျက်ဝန်းလေးတွေကသိပ်လှသည် ကြောင်တောင်တောင်လေးတွေကိုမကြိုက်ပေမယ့် ကောင်လေးကချွမ်းချက်

YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...