တစ်နေ့တာလုံး သဘောကောင်းနေတဲ့ရှောင်ကျန့်ကို ရိပေါ်ပိစိလေးသံသယဝင်ပါတယ် ဘာလို့များရုတ်တရက်ကြီးသဘောကောင်းနေရတာလဲ နွေးထွေးလွန်းနေတဲ့ဂရုစိုက်မှုတွေကြောင့်ရိပေါ်ဟာရှောင်ကျန့်ဆိုတဲ့နွံမှာထပ်နစ်သွားမှာသိပ်ကြောက်မိသည်
"မား ဘယ်သူပါလာလဲသိလား "
ရိပေါ်အားလိုအပ်တာတွေဝယ်ပေးပြီးတာနဲ့ ခေါ်လာသည့်နေရာကား မြို့ပြင်က ဂူသင်္ချိုင်းကိုပင် ထို့နောက် စိမ်းလဲ့နေသောသစ်ပင်အိုကြီးအောက်တွင်ထွင်းထာထားသော လှပစွာတည်ရှိနေသည့်ကမ္မည်းကျောက်တိုင်လေးရှေ့တွင်ရပ်စေသည်ထိုနေရာအားကြည့်ကာ ဆွေးမြေ့စွာ ဆိုလာသည့်ရှောင်ကျန့်အား ရိပေါ်မှာငေးကြည့်လျက်
"ငါ့အမေကငါ့စိတ်နဲ့သေခဲ့ရတယ် "
"တောင်းပန်ပါတယ် "
"ဟက် သိချင်လား "
သစ်ပင်ဘေးတွင်ထိုင်ချကာ ပြာလဲ့နေသော ကောင်းကင်ကိုကြည့်လို့စကားဆိုလာသည်
"အွန်း "
"မင်းအမေနဲ့အဖေ ရောက်လာခဲ့တယ် ပိုက်ဆံတွေပုံပေးပြီး မပတ်သတ်ဖို့ပြောတယ် ငါ့ကိုငါ့အမေရှေ့စော်ကားသွားတယ် ဘာတဲ့ မင်းနဲ့ငါကမတန်ဘူးတဲ့ ငါ့အမေကအဲ့စိတ်နဲ့မအိပ်နိုင်မစားနိုင်ဖြစ်ခဲ့ရတယ် အဆိုးဆုံးကသူ့အလုပ်မှာသူနာမည်ပျက်သွားတာပဲ ငါလဲ ချောင်းရိုက်ခံရတယ် မင်ူအကိုစနက်နဲ့လေ "
"ငါ့မိဘတွေအစားတောင်းပန်ပါတယ် "
ခေါင်းငုံ့ကာ တောင်းပန်နေသူလေးအား မေးဖျားကပင့်ကိုင်လို့ မျက်လုံးချင်းအကြည့်စုံစေသည်
ရှောင်ကျန့်ရဲ့စကားကြောင့်ပြူးဝိုင်းလာတဲ့မျက်ပေတုံးလေးတွေက တကယ်တော့စိတ်ဆိုးခြင်းမဟုတ်ဘဲ အားငယ်ကာ ညိုးငယ်သွားတာပင် ဖြစ်သည်"အချိန်တွေလွန်သွားပြီလေ "
တိတ်ဆိတ်သွားတဲ့အခြေအနေတစ်ခုမှာဘယ်သူကမှစကားမစခဲ့ ခေါင်းငုံ့ကာ လက်ထိပ်လေးတွေကုတ်ဖဲ့နေတဲ့ကောင်လေးကို ရှောင်ကျန့်ကငေးကြည့်နေခဲ့တယ်
"♫ ♬♪ ♫ ♬♪ ♫ ♬♪"
ဖုန်းဝင်လာသံကြောင့် ရှောင်ကျန့်ဟာ ငေးနေတာကိုလက်စသတ်ကာ ဖုန်း contact ကိုကြည့်ကာ အလှဆုံးပြုံးလို့ ဝင်လာသောဖုန်းအားလက်ခံစကားပြောနေခဲ့သည်

YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...