"ဒီကလူငယ်လေးက ..... "
"ဒီကသူဌေးရဲ့ဝေယာဝစ္စတွေလုပ်ပေးဖို့လာတာပါဗျ "
ခြံဝတွင်းဘဲလ်ကိုတီးလို့ စကားဆိုသည့်အခါ အိမ်ထဲမှာထွက်လာသောအမျိုးသမီးကြီးတစ်ဦးနဲ့ ရိပေါ်လိုအရွယ်ကောင်မလေးတစ်ဦးဟာ ခြံတံခါးကနားရောက်လာပြီး ရိပေါ်အားမေးမြန်းလာသည်
"ဪ အချိန်ပိုင်းကိုယ်ရေးအလုပ်သမားလေး "
"ဟုတ်ကဲ့ "
ထို့နောက်တွင် ရိပေါ်အားတရင်းတနှီးပြောဆိုကာ အိမ်ထဲသို့ဖိတ်ခေါ်လာသည်
အိမ်ကြီး၏အပြင်ပိုင်းကကြည့်လျှင်ခြံဝန်းလေးမှာတော်တော်လေးလှပပြီးကျယ်ဝန်းလှသည်ခြံတံခါးမှ အိမ်ကြီးဆီသို့လျှောက်လမ်းရာလမ်းတစ်လျှောက်၏ဘေးဘက်တွင် အပင်များစိုက်ထား၏ လျှောက်လမ်းဟာကားနှစ်စီးပြိုင်ဝင်လို့ရလောက်အောင်ကျယ်ဝန်းပြီးဘေးဘက်တွင်ဘောင်ခတ်ထားကာ အလှမြတ်ခင်းစိမ်းများရှိ၏ ထိုမြက်ခင်းစိမ်းများပေါ်တွင်ကျောက်စရစ်လမ်းလေးခင်ထားပြီးလူသွားလမ်းလေးလုပ်ထားသည် ပန်းများစိုက်ပျိုးထာတာကြောင့်တော်တော်လေးလှပသည် မြင်ရသူအဖို့ရင်အေးစေ၏
အိမ်ကြီးမှာ ခြံဝန်းကြီးနဲ့မတူညီစွာ အဖြူနဲ့အနက်ရောင်ကိုသာသုံးပြီးဆေးခြယ်ထားသည် အပြင်အဆင်များမှာအထက်တန်းဆန်လှသည် ရိပေါ်မှာအရာအားလုံးကိုငေးကနဲဖြစ်ကာ ပါးစပ်လေးဟ၍လိုက်ငေးရုံသာတက်နိုင်သည် အိမ်ကကီး၏အတွင်းဘက်တွင် sofa ကအစ လိုက်ကာကအဆုံးခဲရောင်ကိုသာသုံးထားပြီး အပေါ်ထပ်ကိုတက်ရန်သုံးသောလှေကားများမှာမှန်ကာများဖြစ်သည်အပြင်ကကြည့်လျင်သိပ်ကျယ်မည့်ပုံမပေါ်သော်လည်း အထဲဝင်မှဘယ်လောက်ကျယ်ဝန်းကြောင်းသိနိုင်သည်
"ကဲ ကလေးတို့ မိတ်ဆက်ပေးမယ် သူ့နာမည်ကဝမ်ရိပေါ် တဲ့ အချိန်ပိုင်းနဲ့သူဌေးရဲ့ဝေယာဝစ္စအသေးစိတ်ကိုလုပ်ပေးမယ့်သူ ပြီးတော့သူကမင်းတို့နဲ့အဆင့်မတူဘူးဒါကြောင့်အကိုလေးလို့ခေါ်ရမယ် "
"နားလည်ပါပြီ အိမ်ထိန်း "
ရိပေါ်အား အလုပ်သမားတွေနဲ့မိတ်ဆက်ပေးနေချိန် အကိုလေးလို့သုံးနှုန်းခိုင်းတာကြောင့်နင်ချင်သွားသည်သူက ဒီအိမ်ရဲ့အလုပ်သမားပဲလေ ဘာလိုပဲဖြစ်ဖြစ် တန်းတူဆက်ဆံရမှာမဟုတ်လားအခုဟာကမဟုတ်သေးပါဘူး
![](https://img.wattpad.com/cover/352823256-288-k521312.jpg)
YOU ARE READING
Promise
Fanfictionပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...