"ဒုန်း!!!"
အိမ်ထဲကိုဒုန်းစိုင်းဝင်ကာ တံခါးကိုအားနဲ့စောင့်ပိတ်သည် လက်ဆွဲပိုက်ဆံအိတ်အားခုံပေါ်ကိုပစ်တင်ကာ သူမကထိုင်ခုံပေါ်ထိုင်လို့ လေပူတွေကို မှုတ်ထုတ်တယ် သို့သော်လဲရင်ထဲမှဒေါစမီးများမှာ မငြိမ်းအေးနိုင်
"ဘယ်လိုဖြစ်ရတာလဲ ယောကျာ်းလေးတစ်ယောက်အတွက်လေ တန်ရဲ့လား "
"........"
သူမရဲ့စကားကိုခွန်းတုံ့ပြန်ခြင်းနည်းနည်းမှမရှိသော အရှေ့က သူမရဲ့သားအားအတော်လေးဒေါသဖြစ်မိသည် သူများသားသမီးအားခိုးယူမှုနဲ့ အချုပ်ထဲရောက်တဲ့အပြင် အခုတော့အားလုံးကိုတောင်းပန်ပြီခံဝန်ကတိထိုးကာအာမခံနဲ့လွတ်လာရသည်တဲ့ သူမထိန်းကျောင်းမှုလျော့နည်းခဲ့ရပြီလား ကိုယ့်ကိုမလိုလားတဲ့သူကိုမှသူမသားကအသဲသန်ဖြစ်ပြနေသည်
"ငါမေးတာဖြေလေ ဘာလဲ ငါကထိန်းကျောင်းမှုညံ့ဖျင်းလို့လား မလိုလားတဲ့သူကိုအဲ့လောက်တောင်တွယ်ကပ်ရလား "
သူမပြောတာကိုနားထောင်နေတာလား နားမထောင်နေတာလား ဆိုတာ သူမမသိ သူမရှေ့က သူမသားက ခေါင်းကိုငုံ့ချထားသည် မတွေ့ဖူးဘူး သူမသားအခုလို စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပုံစံကို သူမဆူတာနဲ့နည်းနည်းလေးမှမခံတတ်တဲ့သားသွက်လက်လွန်းတဲ့သားကအခုလိုမှိုင်တွေနေတာပထမဆုံးပဲ
ငိုတယ် သားက ငိုတယ်တဲ့
အမေဖြစ်သူဘာပြောပြောဂရုမစိုက်စွာ နေနေသည့်ရှောင်ကျန့် ဟာကြမ်းပြင်ကိုအတန်ကြာစိုက်ကြည့်နေပြီး ခဏအကြာမှာသူမဟုတ်သလိုရှိုက်ကြီးတငင်ငိုလာသည် အမြဲခက်ထန်ပြီးအေးစက်စက်နဲ့ လူဆိုးလူမိုက်က ငိုတယ်ဆိုတာ မယုံချင်စရာကောင်းလှသည်
အခုလိုရှိုက်ကြီးတငင် ငိုတာဒုတိယအကြိမ်မြောက်ဖြစ်သည် ပထမအကြိမ်က သူ့ရဲ့အဖေနောက်အိမ်ထောင်ပြုသည့်နေ့တွင်ဖြစ်သည်
"မား သားကသူ့ကိုသိပ်ချစ်တာ sob သားမှားခဲ့တယ် သားသူ့ကိုမကစားသင့်ဘူး သားရဲ့စိတ်ကိုသိခဲ့ရမှာ sob "
"သားရယ် "
မြင့်မားတဲ့အရပ်နဲ့ကိုယ်ထွားထွားကိုမိခင်ဖြစ်သူက ရင်ခွင်ထဲ ဆွဲထည့်ကာ ကျောလေးအားပွတ်ပေးတော့ပိုတိုးလို့ငိုသည် အင်း သူမဟာသူမသားအတွက်တက်နိုင်သလောက်လေးလုပ်ပေးချင်တယ်

YOU ARE READING
Promise
Fanfikceပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...