ရိပေါ် ဟာ ရှောင်ကျန့် နဲ့အတူညတိုင်းနီးပါးစကားတွေပြောဖြစ်လာတယ် ရိပေါ်လဲတဖြည်းဖြည်းနဲ့တော့ ရှောင်ကျန့်ကို ချစ်မိနေပြီ သေချာလေးကို ရှောင်ကျန့်နွံမှာနစ်နေပြီပေါ့ မရေရာတဲ့အနာဂတ်အကြောင်းတွေတိုင်ပင်ပြီးလေထဲကအိမ်လေးတောင်ဆောက်ထားချေပြီ သို့သော်လဲ အချစ်စစ်မှန်ရင် မမြဲဘူးဆိုသည့်အတိုင်း
💌 ကလေး
"ဗျာ ကိုကို "
💌 ထမင်းစားပြီးပြီလား
"ဟုတ် စောနကလေးတက်စားလိုက်တာ ကိုကိုရော
💌 စားပြီးပြီ ဒါနဲ့ ကိုယ့်ကိုချစ်လား"
"ချစ်တာပေါ့ "
💌ဘယ်လောက်ထိချစ်လဲ
"ဟီးဟီး များကြီးချစ်တယ် "
💌အင်း
"ကိုကိုရော ကျနော့်ကိုချစ်လားဟင် "
💌 အင်း
"ဟုတ် "
အမြဲတမ်းရိပေါ်ကသာချစ်တယ်ပြောပေမယ့်ကိုကိုက ချစ်တယ်မပြောဘူးအင်းပဲဖြေတယ် ရိပေါ်ကအင်းလို့သာဖြေကြည့် အဲ့တစ်နေ့လုံး စကားလဲလာမပြောတော့ ဒါပေမယ့်ရိပေါ်က နာရမယ်မှန်းသိမနေဘူး
ခဏအကြာလိုင်းဆင်းသွားတဲ့သူကြောင့်ရိပေါ်လဲ ထွေထွေထူးထူးလုပ်မနေဘဲ စာဖတ်နေလိုက်သည် လိုင်းပြန်မတက်လာတော့တဲ့သူက ကိုးနာရီခွဲမှာပြန်တက်လာပြီးရိပေါ်ကို စကားလာပြောသည်
💌 ကလေးငယ်
"ဗျာ "
💌ကိုယ်ပြောစရာရှိတယ်
"ဟုတ်ပြောလေ "
💌 ကိုယ် ဦးလေးဆီမှာ ဆေးအရောင်းဝယ်လုပ်ဖို့ နယ်ဘက်ကို သွားနေရမယ်
"ဟင် "
💌ဟုတ်တယ် အဲ့မှာတစ်နှစ်လဲကြာနိုင်တယ်သုံးနှစ်လဲဖြစ်နိုင်တယ်
"အဲ့ဆေးတွေလုပ်တာမကောင်းဘူးလေ ကိုကို "
💌ကိုယ်သိတယ်ဒါပေမယ့်ကိုယ်ကဆင်းရဲတယ် ကိုယ်အလုပ်မရှိသေးဘူး ကိုယ်လုပ်နေတဲ့ ဖုန်းပြင်တဲ့လုပ်ငန်းလေးကလဲ ပိုက်ဆံနည်းနည်းလေးပဲရတာ
YOU ARE READING
Promise
Fanficပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...