"ကိုကို ~~~"
ရိပေါ်အနေနဲ့ဘာမှမပြောနိုင်ငိုရုံကလွဲပြီး ဘာမှမလုပ်နိုင်ဘူး ခေါင်းထဲမှာကိုကြီးရဲ့စကားသံတွေသာကြားနေရသည် မငိုဘူးတဲ့ကိုကြကသူ့ကိုဖတ်ပြီးငိုခဲ့သည်သူဘာလုပ်ရမလဲ ကျိန်းသေမိသားစုကိုသာရွေးချယ်ရမည် ကိုကိုတောင်းပန်ပါတယ် ကတိတွေမတည်နိုင်တော့ဘူးထင်ပါရဲ့ကိုကို့အပိုင်မဖြစ်ပေးနိုင်တော့သလို အတူတူလဲရှေ့ဆက်လို့မရတော့ဘူး
"ရိပေါ် ကိုယ်မင်းကိုတွေ့တယ်ထွက်ခဲ့ "
"ကောင်လေးမင်းပြန်တော့ "
"ခင်များနဲ့မဆိုင်ဘူး နေဦး အေ့ ခင်များမလား ခင်များကြောင့်ကလေးကကျနော့်ကို စာမပြန်တာ ကိုယ်တိုင်ကျ ယောကျာ်းချင်းကြိုက်နေပြီး ညီဖြစ်သူကျချုပ်ချယ်လွန်းတယ်"
"ဟျောင့်ရှောင်ကျန့် တော်တော့ "
"ဖယ်စမ်းပါ ဘန်ရာ ဒီမှာ ကောင်လေး ကို အရမ်းမချုပ်ချယ်နဲ့သူလဲလွတ်လပ်ခွင့်ရှိတယ်မသိဘူးလား ဟိုနေရာမသွားနဲ့ဟိုဟာမစားနဲ့ ဟိုလူနဲ့မပေါင်းနဲ့ ဆိုပြီးသူ့ဘဝကိုဝင်စွတ်ဖက်တာတော်ရုံပဲကောင်းတယ် "
"မင်းကငါ့ပိုင်နက်ထဲလာပြီး စော်ကားနေတာ ငါတရားစွဲလို့ရတယ်ဆိုတာသိထား "
"အနာထိတော့စပ်မှာပေါ့ ကိုယ်တိုင်ကျgay နေပြီး ညီဖြစ်သူgay မှာကျအသေကြောက်တယ်နော် ဟားဟား အေ့ "
"မင်းလွန်သွားပြီရှောင်ကျန့် ခွက် ခွက် ခွက် !!"
ခဏအတွင်းမှာ အိမ်ထဲကကျိယန်က ရှောင်ကျန့်ကို အပြင်ကိုထွက်ကာပြေးထိုးသည် ရိပေါ်နဲ့ဘန်မှာရုတ်တရက်ဆိုတော့ကြောင်နေမိသည်
"ဟဲ့ဟဲ့ ဆွဲကြ "
"ခွက် မင်းကများငါ့ညီကို (ခွက်!) မင်းလိုကောင်ကငါ့ညီကိုဘာတွေဖြည့်ဆီးပေးနိုင်မှာလဲ ဟမ်( ခွက်! )ရန်လှည့်ဖြစ်နေတဲ့ကောင်ကိုငါ့ညီနဲ့သဘောတူမယ်ထင်နေတာလား (ခွက်!)မင်းကငါ့ညီဘာတွေပေးနိုင်သလဲ ဒုက္ခတွေပဲပေးမှာ (ခွက်! )ထွက်သွား !"
"ဟာ ခင်များရီး ခွက် ""!"
"ကိုကို ကိုကြီးတော်တော့ "

YOU ARE READING
Promise
Fiksi Penggemarပေးခဲ့တဲ့ကတိတွေကအပေါ်ယံလား မရဘူးနော် ကိုယ့်အပိုင်ဖြစ်ပေးမယ်ပြောထားတာမမေ့နဲ့ ရှောင်းရှောင်ကျန့် ချစ်ပါတယ် ဒါမယ့် မဖြစ်နိုင်တော့ဘူး ဝမ်ရိပေါ် ပွင့်လင်းစွာရေးသားသည့် အတွက် စိတ်ပြင်ဆင်ပြီးမှသာ ဖတ်ပါ အတင်းမတိုက်တွန်းပါဘူး စိတ်ခံစားချက်နဲ့ မကိုက်ရင် ဖတ်...