ရင်မှာသီသောကြိုး (အပိုင်း၁)

93 6 1
                                    

ကလင်......ကလင်..(နာရီမြည်သံ)

ဦးညိုမင်းရှိန် တစ်ယောက်အလုပ်သွားဖို့အလန်းမြည်နေခြင်းပင်....။ဦးညိုမင်းမတုန့်မဆိုင်းဘဲအလန်းကိုပိတ်အိပ်ယာများခေါက်သိမ်းရာ ရေချိုးရန်အသင့်ပြင်လေသည်။ဦးညိုမင်းရှိန်သည် စာပုံနှိပ်တိုက်တွင်အလုပ်လုပ်ပြီး.....ငယ်စဥ်ကထဲက မိဘများရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပြီး
ကျန်ရှိသူအဖွားက ထိန်းကျောင်းလာကာ ယခုပင်အဖွားမရှိတော့ခြေ။....ဦးညိုမင်းသည်အထီး
ကျန်ခြင်းများစွာကို ကျော်ဖြတ်ခဲ့သည်မှာ ယနေ့တိုင်ပင်.....။မေတ္တာဆိုတာ...သူအတွက်တော့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို မရှိသလောက်ပင်ရှားသည်။..........
ဦးညိုမင်းရှိန် အလုပ်သွားဖို့အဆင်သင့်ဖြစ်သည်မို့.....စာပွဲပေါ်ရှိမနေ့ကကျန်သော ထမင်းကြမ်းခဲနဲ့ ကြက်ဥကြော်တစ်လုံးကို ကပြာကရာစားပြီး ထမင်းဂျိုင်မပါ ရေးကြီးသုတ်ပြာဖြင့် ထွက်လာခဲ့တော့သည်....။....ကားမှတ်တိုင်ရောက်၍လိုင်းကားအလာကို စောင့်စိုင်းနေသော
ဦးညိုမင်း၏မျက်နာသည်....ဘူးသီးပုတ်ကြီးကဲ့သို့ရှံ့မဲ့နေလေသည်။.....
YBS(58)လာ၍ ကားပေါ်သို့တက်လေသည်...
အလုပ်သွားချိန်မို့လူအများကြပ်ညှက်နေလေတော့သည်...ဦးညိုမင်းသည် အလုပ်သွားရင်လိုင်းကားစီးရသည်ကိုမနှစ်သက်....ထို့ကြောင့်မနက်တိုင်းစိတ်ရှုပ်ထွေးရသည်.....။
''အရှေ့မှတ်တိုင်မှာဘားလမ်းမှတ်တိုင်ဖြစ်ပါသည်'' ကားပေါ်မှအချက်ပေးသံကိုကြား၍
ဦးညိုမင်း အပေါက်ဝနားသို့ကြပ်ညှက်စွာ တိုးခဲ့
ရသည်။....မှတ်တိုင်မှဆင်းလာ၍ ဦးညိုမင်းရှိန်
သည် စာပုံနှိပ်တိုက်ရှိရာသို့..ခြေလှမ်းများစတင်လှမ်းခဲ့တော့သည်။....စာပုံနှိပ်တိုက်သိုရောက်သော် ဦးညိုမင်း ပထမဦးဆုံးမြင်ရသည်မှာ ဒေါ်မြသောင်းပင်ဖြစ်သည်...။ဒေါ်မြသောင်းသည် ဦးညိုမင်း ကိုတွေ့၍ စကားစလာတော့သည် ။.....

''မောင်ညိုမင်းရောက်ပြီလား....ထမင်းဂျိုင် ရော
မပါဘူးလား''

ဒေါ်မြသောင်းသည် ဦးညိုမင်း၏အထက်လူကြီးဖြစ်ပြီး....ဦးညိုမင်းထက်(၈)နှစ်ခန့်ကြီးသည်။

''မပါဘူး..မသောင်းရေ......ဒီနေ့တော့ ရေသောက်
ဗိုက်မှောက်...''

ဦးညိုမင်းသည် တစ်လမှာရက်နှစ်ဆယ်လောက်က ထမင်းဂျိုင့် မပါသည့်နေ့ကများသည်...။
ထို့ကြောင့်...သူအတွက်ယခုနေ့တွေက မထူးဆန်းလှပေ။.........

ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )Where stories live. Discover now