ဦးညိုမင်းသူအလုပ်သို့ရောက်သွားလေသည်။အိမ်မှာကျန်ခဲ့သောတိမ်လွှာကို သူစိတ်မချပေမယ့်လဲ...မနေ့ကခွင့်ယူထားတာမို့...ဒီနေ့သည်..အလုပ်လာကိုလာရတော့မည်။.....အလုပ်
တံခါးဝသို့ခြေလှမ်းအချ ဒေါ်မြသောင်း၏ မျက်
နာကို ဦးညိုမင်းဦးဆုံးမြင်လိုက်ရသည်။.....
ဒေါ်မြသောင်း ၏မျက်နှာသည် မာတင်းလှသောကျောက်ဆောင် ချော်ရည်တွေပြည့်နက်နေသည့် ပေါက်ကွဲတော့မည့် မီးတောင်သဖွယ်...
ခက်ထန်မာကျောနေသောမျက်နာထားမျိုးဖြင့်
ဦးညိုအား မျက်လုံးစိုက်ကာကြည့်လေသည်...
ဦညိုလဲ ထိုအကြည့်ကိုသိ၍ မမြင်ချင်ယောင်
ဆောင်ကာ ဒေါ်သောင်းစားပွဲအားကျော်၍ ဒေါ်
သောင်းကလေသံမာမာဖြင့် ဦးညိုအားလှမ်းပြော
လိုက်သည်။..........''ပြောစမ်းပါအုံး..မောင်ညို မနေ့ကဘာအရေးကြီးကစ္စတွေရှိလို့ အလုပ်ခွင့်ယူတဲ့အထိ ဖြစ်ရတာလဲ.....''
ဒေါ်သောင်းဤကဲ့သိုပြောရခြင်းမှာ ဦးညိုမင်း
လုပ်လာသည့်ကာလတစ်လျောက် ပျက်ရက်များ
မရှိသောကြောင့်ပင်ဖြစ်သည်။...ဤသည်ကာ
အထူးအဆန်းပင်ဖြစ်၍ ဒေါသတကြီးမေးသောမေးခွန်ပင်ဖြစ်သည်။....ဦးညိုမင်းသည် ဒေါ်သောင်းအား ကြောက်ရွံသည့်မျက်နာထားမျိုးဖြင့် အသံများတုန်ရီတော့မည့်ဟန်ကို ထိန်းကာ......''ကျွန်တော်ရဲ့အမျိုးရောက်လာလို့.. ရန်ကုန်အနှံ့လိုက်ပို့ ပေးနေရလို့ပါ''
ဒေါ်သောင်းသည် ထိုစကားကိုအံသြော်စွာဖြင့် ဦး
ညိုမင်းအားမျက်လုံးပြူးကာမယုံသင်ကာလေသံဖြင့်.......။''ဘယ်ကအမျိုးကဘယ်လိုရောက်လာတာတုန်း..
အစက နင့်မှာ အမျိုးရှိတယ် ဘာရယ် မကြားမိပါဘူး... ဟွန့်.. ''ဦးညိုမင်းသည် ဒေါ်သောင်းအား ကြောင်တောင်တောင် မျက်လုံးများဖြင့်......
''မသောင်းကိုမပြောပြဖြစ်တာပါ''
''ဒါဆိုလဲ နောက်တစ်ခါမပျက်စေနဲ့...ရုံးကနေစောစော ပြန်ပြီးလိုက်ပို့လို့ရတာပဲကို....ကြားလား''
''ဟုတ်ကဲ့မသောင်း''
ဦးညိုမင်းသည် ခက်သွတ်သွတ်လမ်းလျှောက်ကာ သူထိုင်ခုံအားနေရာဝင်ယူကာထိုင်လိုက်သည်။....
ရုံးသူရုံးသားများအဆက်မပျက် အလုပ်လုပ်နေကြသောကြောင့် ရုံးအတွင်း၌စကားပြောသံများငြိမ်သက်စွာ ကွန်ဗျူတာရိုက်သံများသာ
မြည်တီးနေသည်။.....ထိုအချိန်တွင်ရုံးအတွင်းသို့
ခန့်ထည်အောင် ဝင်လာသည်။.....
YOU ARE READING
ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )