ဆွေးမြေ့စွာကြေ ကွဲနေတဲ့သူတစ်ယောက်...ခြောက်သွေ့စွာဖြင့် မမျော်လင့်တဲ့ဖြစ်ရက်ဆိုးကိုကြုံတွေ့လိုက်ရတဲ့အခိုက်တန့်မှာ သူအတွက် တော့ အလွန်ကြေကွဲခံစားနေရှာရဲ့.....။
မိုးမခ ဒူးနှစ်ချောင်းထောင်ကာ ထိုဒူးနှစ်ချောင်းပေါ်သို့ လက်တင်ကာ ခေါင်းမှောက်ရက်အနေအထားဖြင့် အသံတိတ်ငိုနေသည်မှာ အချိန်မည်မျှ ကြာပြီလဲတောင်မသိတော့။သူအတော်လေးခံစားနေပုံရ၏....။အသားနာတာထက် ရင်ထဲ၊နှလုံးသားထဲက နာကျင်ခံစားရတာ။သူ၏အရမ်းချစ်ရတဲ့အကိုက ဒီလိုထိုးခဲ့လိမ့်မယ်လို့သူမထင်ထားသည့်အတွက်ကြောင့်ပင်ဖြစ်သည်။...''ညီလေး....ညီလေးမိုးမခ...ညီလေးရေ...''
တိမ်လွှာမိုးသူညီအခန်းရှေ့လာရပ်ကာ...သူညီလေးကို ခေါ်နေသည်မှာ...ပြန်လာချော့သည်ထင်ပါရဲ့....သို့ပင်မဲ့ မိုးမခအခန်းထဲမှ အပ်တိုတစ်စဘအသံတောင်မကြားရသည့်အတွက် တိမ်လွှာမိုးစိတ်တော့ပူသွားရှာ၏....ဒါပေမယ့် သူဇွဲမလျှော့ပါ....ထက်ခေါ်ကြည့်မည့်အပြုမှာ...အိမ်ပေါက်ဝက...အသံတသ်ခုကြားလိုက်ရသည်။....
''အိမ်ရှင်တို့......ဗျို့ အိမ်ရှင်တို့... ''
''လာပါပြီဗျ.....''
တိမ်လွှာမိုးလဲ အိမ်အောက်ထက်သိုပြေးဆင်းသွားကာ...ထိုအသံရှိရာသို့သွားလိုက်၍...သူတွေ့လိုက်ရသည်မှာ စာပို့ Delivery။.....
''ဟုကဲ့ဗျ...ဘာကိစ္စရှိလို့လဲမသိဘူး...''
''ကျွန်တော်ကို ဒီအိမ်လိပ်စာနဲ့... ဒီစာလေး ပေးခိုင်းလိုက်လို့ပါဗျ....လက်ခံပေးတဲ့အနေနဲ့ လက်မှတ်လေးထိုးပေးပါအုံး....''
''ဟ်ို....ဘယ်သူပေးခိုင်လိုက်တာလဲမသိဘူး...''
''ကျွန်တော်လဲမသိဘူးဗျ.....''
တိမ်လွှာမိုးလဲ လက်မှတ်စာအုပ်ကိုကိုင်ကာ လက်မှတ်ထိုးပေးလိုက်သည်။...ထိုစာလေးကိုကိုင်ကာတိမ်လွှာမိုးအိမ်အတွင်းသို့ဝင်လာသည်...။ထိုင်ခုံပေါ်ထိုင်၍....စာကိုဖွင့်ဖောက်မည့်အပြုတွင်....။
''အကို....အဲ့ဒါကျွန်တော်စာ....ကျွန်တော်ကိုပေးပါ..''
မိုးမခ အိမ်ပေါ်ထက်မှဆင်းလာကာ...ထိုစာအိပ်ကိုတောင်းလာသည်။ဒါဘယ်သူဆီကစာပါလိမ့်
တိမ်လွှာမိုး အတွေးပေါင်းများစွာဖြင့်စဥ်စားနေလေရဲ့...။
YOU ARE READING
ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )