ရင်မှာသီသောကြိုး (အပိုင်း ၇)

10 1 0
                                    

တိမ်လွှာမိုးအိမ်သို့ မိုးမခ၏ သူငယ်ချင်းက သင်တန်းသွားရန်လာခေါ်ကြသည်။

''မိုးမခရေ...မိုးမခ''

''ဟေ့ လာပါပြီကွာ...ဘာလို့အသံပြဲ ကြီးနဲ့အော်နေတာလဲ...''

မိုးမခသည် လွင်ဦးအား ခေါင်းကိုရိုက်ကာ ဆိုလိုက်သည်။ထိုအချိန် မိုးမခနောက်တွင်တိမ်လွှာမိုး ကပ်လျှက်ပါလာသည်။...

''ညီလေး...ကိုကြီး ဒီည ပွဲရှိလို့ သီချင်းသွားဆိုရမယ် နဲနဲ နောက်ကျမယ်...သင်တန်းကပြန်လာရင်
အဆင်ပြေသလိုစားထားလိုက်နော်....''

''ဟင်..ကိုကြီးက ညဉ်နက်မှာလား...''

''မနက်ပါဘူးကွာ... ၁၁ နာရီခွဲလောက်ဆိုပြန်ရောက်လောက်မှာပါ...''

''အင်းပါ...ရပါတယ်...ကိုကြီးစိတ်မပူနဲ့ညီ အဆင်ပြေတယ်..''

မိုးမခပြေားပြီးသည်နှင့်လွင်ဦးကားပေါ်တက်သွားလေသည်။လွင်ဦးသည်မိုးမခ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။..လွင်ဦးသည် တစ်ဦးတည်သောသားမို့...မိဘများက အလိုလိုက်ထားပုံရ၏။ လွင်ဥိး မူးရစ်ဆေးဝါးသုံးသည်ကိုလဲတိမ်လွှာမိုးစုံစမ်း၍သိရပြီး မိုးမခအားမပေါင်းဖို့တားသော်ငြား မိုးမခ လက်မခံ၍သာ တိမ်လွှာလွှတ်ထားရသည်။..သို့သော်လည်းတိမ်လွှာသူညီကိုစိတ်ပူသည်မှာ အမှန်ပင်...။ဆယ်ကျော်သက်အရွယ်ဆိုသည်မှာလမ်းမှားရောက်ဖို့အလွန်းပင်များသည်။...........

********************************

''ဟျောင်...မိုးမခ သင်တန်းပြီးပြီဆိုတော့.. အိမ်မပြန်ဘဲ..တစ်နေရာရာသွားရင်ကောင်းမလား''

လွင်ဦး၏စကားကိုကြားသော မိုးမခ တွေဝေမိနေသည်။သူအကိုဆူမှာကိုလဲသူကြောက်လှ၏..

''ငါ့အကိုငါကိုဆူမှာကွ...မသွားတော့ဘူး မင်းသွားချင်ရင် သွားလေ...''

''ဟာ...ချီး...မင်းအကိုညဉ်နက်မယ်လို့ မနက်ကပြောသွားတယ်လေ...ငါတို့အချိန်ရပါသေးတယ်။မင်းအကိုမဆူလောက်ပါဘူး''

မိုးမခ လဲ လွင်ဦး၏ မဲဆွယ်မှုကို လက်ခံ၍..လိုက်ပါသွားသည်။....လွင်ဦးသွားသည့်နေရာမှာ....ကလပ် ဖြစ်သည်။ကလပ် ဆိုသည်မှာ လူပေါင်းစုံရှိသောနေရာဖြစ်သည့်အလျှောက်
လူကောင်းနည်း၍ လူဆိုးများသည်။မူးရစ်ဆေးဝါးသုံးစွဲမှု ကျွမ်းကျင်သော လွင်ဦး အနေနဲ့...အလွန်ပင် ထိုနေရာသည် ဝင်ဆန့်လှ၏။

ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )Where stories live. Discover now