ပွမ်....ပွမ်...(ရထားမြည်သံ)
ပုဂံ ဘူတာမှထွက်လာသောရထားသည် ယခုရန်ကုန်ဘူတာကြီးသို့စိုက်ရောက်ပါသည်။.....
ရထားပေါ်မှဆင်းလာသော လူငယ်ပိုင်းကောင်လေးတစ်ယောက်...အဝတ်ထုပ်တစ်ထုပ်နဲ့.....
ကျောပိုးအိပ်ကိုလွယ်လျှက်..ရန်ကုန်ဘူတာကြီး
သို့ခြေချခဲ့သည်။....ဘယ်သွားလို့ဘယ်လာရမလဲ
မသိ၊ကြောက်ရွံ့သောစိတ်ကို မျက်နာပေါ်တွင်
မပေါ်အောင်ထိန်းထားသည်။...ဘာပဲဖြစ်ဖြစ်ဒီမှာဆက်နေ၍မရသည်မို့...ရှေ့သိုဆက်လျှောက်လာသည်။....ရန်ကုန်ဘူတာကြီး ၏အထွက်ပေါက်နား
ရောက်တော့..လူတစ်ယောက် ထိုကောင်လေး၏
ကျောပိုးအိပ်အား ဆွဲလုရင်းထွက်ပြေးလေသည်.
ဤအချိန်တွင်ထိုကောင်လေး ကြောက်သည့်စိတ်
များပို၍ထကြွလာသည်။..ခတ္တ မျှအသက်မရှိသလိုဖြစ်သွားပြီ..သူအိပ်ပါသွားသည်ကိုအသိပြန်ဝင်လာကာ..ပြေး၍လိုက်သည်မှာ မမှီတော့ချေ။............
ထိုကောင်လေးသည် မျက်လုံးထဲမှ မျက်ရည်စများသည် မိုးစက်များကဲ့သို့စီးကျလာကာ...ချုံး
ပွဲချငိုချင်ပေမယ့်..မနဲးထိန်းထားရသည်။.....
အလုခံရချိန်တွင် မနက် ၆ နာရီခွဲဝန်းကျင်ခန့်သာ
ရှိ၍ လူအများအသွားအလာနည်းပါးသည်။.....
ကောင်လေးစိတ်ဓာတ်များကျကာ အဝတ်ထုပ်
လေးပိုက်၍ ကားများလာရာလမ်းအတိုင်း မျက်နာလေး မှုံရီကာလျှောက်လာခဲ့သည်။..သူလျှောက်လာသောလမ်းသည်..ဘားလမ်းမှတ်တိုင်သို့ ဦးတည်နေသည်။................။
ထိုမှတ်တိုင်၏ခုံတွင် ဤကောင်လေးမှုံသုန်ကာထိုင်နေသည်။.........။''ကလင်....ကလင်..'' (ဖုန်းမြည်သံ)
ဦးညိုမင်း ဆီဖုန်းဝင်လာသောကြောင့် ဦညိုမင်း ဖုန်းလက်ခံပြောသည်။..ဝင်လာသောဖုန်းမှာ ဒေါ်မြသောင်းဆီကပင်ဖြစ်သည်။......''ဟုတ်ကဲ့...မသောင်း..ကျွန်တော်ရောက်တော့မယ်...ဘာကိစ္စရှိလို့လဲမသောင်း''
''မဟုတ်ပါဘူး...ညိုမင်းရယ်..နင်ကားပေါ်ကဆင်း
ရင်ဘားလမ်းမှတ်တိုင်မှာစောင့်...ဘာလမ်း နားကလက်ဖက်ရည်ဆိုင်ကောင်းတယ်..မနက်စာ စားကြမလားလို့ ငါကျွေးပါ့မယ်''''ဟုတ်ကဲ့အမ''
ဒီလိုနဲ့ဦးညိုမင်းတစ်ယောက် ဘားလမ်း မှတ်တိုင်ရောက်၍ ကားပေါ်မှဆင်းကာ ဒေါ်မြသောင်းကို
စောင့်လေသည်။...ဦးညိုမင်းစောင့်နေချိန်တွင်
ဘေးမှကောင်လေးတစ်ယောက်...မျက်နာကို
လက်ဖြင့်အုပ်လျှက်..ကြိတ်မှိတ်ငိုနေသည့်အသံကို...ကြားရ၍လှည့်ကြည့်မိလိုက်သည်....။
ထိုအချိန်တွင်ဦးညိုမင်းတစ်ယောက် မနေနိုင်တော့ဘဲ စကားစချီမေးလေတော့သည်။....
YOU ARE READING
ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )