''ဒါ....ရုံးရဲ့ (3) လချုပ်စရင်းပါ..သူဌေးလေး။..''
ဒေါ်သောင်းသည် ခန့်ထည်အောင်အား စရင်းချုပ်စာအုပ်ကိုပေးပြီးသည်နှင့်အခန်းထဲမှထွက်သွားသည်....။ထိုအချိန်တွင် ခန့်ထည်အောင်ဆီသို့ဖုန်းဝင်လာသည်။....ထိုသူမှာ ခန့်ထည်အောင် ၏ဖခင် ဦးဘုန်ခေါင် ပင်ဖြစ်သည်။....
''ဟဲလို... အဖေ...ဘာကိစ္စရှိလို့လဲ''
''သား...အဲ့မှာ အဆင်ပြေရဲ့လား..ဘာသံကြားသေးလဲ''
''အေးဆေးပါအဖေရာ.. အဖေရော ပုဂံမှာနေရတာ အဆင်ပြေရဲ့လား..."
"အဖေကပြေတယ်...အခုသတင်းကြားနေတာ..
ရန်ကုန်မှာ ရဲတွေခြေရှုပ် နေတယ်ဆိုလို့ သားကိုဖုန်းဆက်ကြည့်တာ...""အဖေဘာတွေစိတ်ပူနေတာလဲ...."
"ခန့်ထည်အောင်...မင်းလုပ်ထားတာ ပိတော့ပိရိပါတယ်နော်။....''
"အဖေစိတ်မပူပါနဲ့..ခန့်ထည်အောင်ပါ...အဖေ့သား အေးဆေး.....သားစုံစမ်းကြည့်အုံးမယ်..
သားတို့ကိစ္စဝင်ရှုပ်ရင်တော့..အပြတ်ရှင်းပစ်မယ်''ဤသို့ ခန့်ထည်အောင်နှင့်သူ့အဖေ ဖုန်းပြောနေသည့်စကားကို ဦးညိုမင်းကြားသွားခဲ့လေသည်။
ထိုသို့ဖြစ်ရခြင်းမှာ ဒေါ်သောင်းသည် ဦးညိုအား
ဖိုင် တစ်ခုကျန်ခဲ့လို့ သွားပေးခိုင်းရာ ကြားသွားရခြင်းဖြစ်သည်။....''ဒေါက်...ဒေါက်...ဒေါက်..''(တံခါးခေါက်သံ)
''အဖေ...လူလာနေလို့ ဒါပဲ..သားကြည့်လုပ်လိုက်မယ်''
ထိုသို့ပြေားရင်း ခန့်ထည်အောင် ဖုန်းကို ကပြာကယာ ချလိုက်သည်။.....
''ဝင်ခဲ့ပါ...........အော်...ဦးညိုမင်းပါလား..ဘာကိစ္စ''
''ဒေါ်သောင်းက ဒီ ဖိုင်လေး သူဌေးလေးကို ပေး ပေး ပါဆိုလို့...''
''ဟာ..ဦးညိုကလဲ သူဌေးလေးလို့မခေါ်ပါနဲ့ ခန့်ထည်လို့ပဲခေါ်......... ရတယ်''
''သူဌေးလေးပဲ...(သူဌေးလေးလို့ခေါ်ရမယ်)ဆိုတဲ့ စည်းကမ်းချက် ထုပ်ထားတယ်လေ...''
''ဦးညိုတစ်ယောက်အတွက်ပဲ ခန့်ထည်အောင် လို့ခေါ်ခိုင်းတာ....ခန့်ထည်အောင် လို့ပဲခေါ်ပါနော်.."
YOU ARE READING
ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )