ရင်မှာသီသောကြိုး (အပိုင်း ၈)

12 1 0
                                    


''ဟျောင်.....လွင်ဦး...မင်းငါ့အကြွေးတွေပြန်ဆက်အုံးနော်...။

''ပြန်ဆက်မှာပါ ဦးမင်ခေါင်ရယ်...ကျွန်တော်ကိုမယုံတာလား။..''

''ပြန်ဆက်မယ်ဆိုလဲ ပြီးတာပဲ....''

''ဦးမင်းခေါင်...ဒီနေ့လဲ ကျွန်တော်ကို့ ပစ္စည်းလေးပေးလိုက်အုံးဗျာ....''

''ဟာ....ဟျောင်...တော်ပြီ မင်းအရှေ့ကယူထားတာတွေတောင်မဆက်ရသေးဘူး..မပေးနိုင်ဘူး''

လွင်ဦးတစ်ယောက် ဦးမင်းခေါင်ဆီမှ ဘယ်လိုမှတောင်းမရတာကြောင့် လက်ရှော့၍သာ ဦးမင်းခေါင်အိမ်က ထွက်လာခဲ့သည်။...အိမ်ပေါက်ဝနား
ရောက်သည်နှင့် လွင်ဦးကို တစ်ယောက်ယောက်က လှမ်းခေါ်လိုက်သည်။....

''လွင်ဦးရေ....ခန...''

လှမ်းခေါ်လိုက်သောသူမှာ ဦးမင်းခေါင်၏ မွေးစားသမီးအမည်ခံ...မယားငယ်လေးဖြစ်တဲ့
နွေးရူပါ ပင်။....

''ဟာ...အမ ရူပါ ဘာလို့လဲဗျ....''

''နင်က ငါ့ကိုမနှုတ်ဆက်တော့ ငါကပဲ နှုတ်ဆက်ရတာပေါ့ဟယ်...နင့်ကိုမေးစရာရှိလို့...''

''မေးလေ အမရူပါ ဘာမေးမှာလဲ...''

နွေးရူပါ လွင်ဦးတို့သင်တန်းရှေ့က အလုပ်ကိစ္စနဲ့ ဖြတ်သွားရင်း မိုးမခကို မြင်၍ အလွန်စိတ်ဝင်စားသွားသောကြောင့်ပင်။ မိုးမခသည်..သူအကို တိမ်လွှာမိုးလို ချောမောပြီး အသာဖြူသောကြောင့် သူကိုမြင်သူတိုင်း စိတ်ဝင်စားတက်ကြသည်။

''ဟိုးတစ်နေ့ ငါနင်တို့သင်တန်းရှေ့ကဖြတ်တော့..
နင်းနဲ့တွဲသွားတဲ့ ကောင်လေးတစ်ယောက်ကို တွေ့တယ်...အဲ့ဒါဘယ်သူလဲ...သူမျက်နာလေးက ချစ်မွှေးပါလို့ပါဟ''

စကားအရာမှာရဲးတင်းလွန်းလှတဲ့ နွေးရူပါ ကြောင့် လွင်ဦး အံအားသင့်ပေမယ့်၊မတုန့်မဆိုင်းဘဲ..ရူပါမေးသောမေးခွန်းကို စ နောက် ရင်းသာဖြေလေသည်။...

''အော်...သူနာမယ်က မိုးမခတဲ့ ကျွန်တော်ရဲ့အချစ်ဆုံးသူငယ်ချင်းပေါ့..ဘာလဲ အမကစိတ်ဝင်စားလို့လား...ဟ...ဟ..''

''အင်.....ဆိုပါတော့....သူကိုငါစိတ်ဝင်စားတယ်..ငါနဲ့မိတ်ဆက်ပေးပါလား..။''

ရင္မွာသီေသာႀကိဳး( ရင်မှာသီသောကြိုး )Where stories live. Discover now