စွဲလမ်းသော အချစ် ( အပိုင်း၂)

6.6K 360 10
                                    

ခြဲထဲကို တဝူးဝူးမြည်သံပေးကာ အရှိန်ပြင်းစွာ ချိုးကွေ့ဝင်လာသော ဆိုင်ကယ်တစီး၊ ဘရိတ်အုပ်လိုက်ပြီး ဟက်မက်စ် ကိုချွတ်လိုက်တော့ ပုံပြက်ပန်းပြက်
ဖြစ်နေသော်လည်း ကြည့်ကောင်းနေဆဲ ဆံကေသာများ၊ စူးရဲနေသော မျက်လုံးတစုံနဲ့ တွန့်ချိုးနေသော
မျက်ခုံးတစုံတို့က အလိုမကျမှုကိုဖော်ပြနေတယ်။

ဧည့်ခန်းသို့အဖြတ်

" ဝမ် ရိ ပေါ်!"
ခေါ်မယ်ဆိုတာသိသားပဲ၊ မသိချင်ယောင်ဆောင်ပြီး
အပေါ်ထပ်တတ်မလို့ပါဆိုမှ အလိုက်မသိပုံများ ဝမ်ပါးပါးရယ်။

မျက်နှာထက် မဲ့ပြုံးတခုနဲ့အတူ ဧည့်ခန်းဘက်ပြန်လျှောက်လာလိုက်တယ်။
အကြည့်တွေ့က ပါးဘေးနားက အရိပ်နှစ်ခုကိုအရေးပင် မစိုက်။

" မနေ့ကတည်းက မင်းကိုမှာထားပြီးသား၊ ဒီနေ့အပြင်တွေမသွားပါနဲ့လို့ အခုဘယ်ကပြန်လာတာလဲ "

ရိပေါ် ဆိုဖာပေါ် ဝင်ထိုင်ပြီး ရှုပ်ပွနေတဲ့ဆံပင်တွေ တချက်သပ်ခါ..... တအံတသြမျက်နှာနဲ့

" woo... ပါးက ကျွန်တော်ကိုစောင့်နေတာပေါ့..
ဘာကိစ္စများ ရှိလို့ပါ့လိမ့် ပါး"
နားထင်ကိုလက်နဲ့ထောက်ပြီး စဥ်းစားသလိုလေး ပြောနေတဲ့ ရိပေါ်။

သူ့အရှေ့က အပေါ်Black ၊ အောက်black
တကိုယ်လုံး နက်စွေးနေတဲ့ လူကို ကြည့်ပြီး ရှောင်းကျန့်ခေါင်းထဲ အတွေးဝင်လာတာက...

( ဒါ..ဒါက.ဝမ်ဦးလေးရဲ့ သား... ဝမ်သခင်လေးပေါ့
ကိုကိုက ချောလိုက်တာ...ဟိ)

အတွေးနဲ့အတူ ရှောင်းကျန့်ရီသံ​​သေးသေး လေးက အပြင်ကိုပါအသံထွက်လာတော့
ရှောင်းကျန့် ကိုယ့်ပေါ် ပေါက်ထွက်မတတ်စိုက်
ကြည့်လာတယ်။

ဝမ်ရိပေါ် ပါးနဲ့စကားပြောနေတဲ့အချိန် ရယ်သံသေးသေးလေးတခုအသံကြားရလို့ အရှေ့တည့်တည့်ကို
ကြည့်လိုက်တော့... ယုန်သွားလေးတွေပေါ်အောင်ရီနေတဲ့ကောင်လေးတယောက်၊ ဒါ..မိထွေးဖြစ်သူ ဒေါ်ရှောင်းယွမ်ရဲ့သား ရှောင်းကျန့် ပေါ့...
အမြင်ကပ်စရာ​လေး..ရုပ်ဆိုးလိုက်တာ..ယုန်သွားတွေနဲ့၊

ရှောင်းကျန့် သူ့ရှေ့ကလူကိုတော်တော်ကြောက်နေပြီး၊ အကြည့်တွေ့က လူကိုဝါးစားတော့မလို့ကြီး
ချောတယ်လို့  ချီးကျူးခဲ့တာပြန်ရုတ်သိမ်းတယ်။

Obsessive Love Where stories live. Discover now