(Unicode)
ဝမ်ရိပေါ် တယောက် သူငယ်ချင်းတွေရဲ့ဖိတ်ခေါ်မှုကြောင့် Club ကိုရောက်နေတယ်..
သူလဲစိတ်ညစ်နေတာကြောင့် ဒီညအမူးသောက်မယ်ဆိုပြီးစိတ်ထဲမှာလဲ ကြုံးဝါးထားသေးတယ်..သူငယ်ချင်း တွေထိုင်နေတဲ့ဝိုင်းရောက်ရောက်ချင်း ဟောက်ရွမ်းရှေ့မှာချထားတဲ့အရက်ခွက်ကိုယူသောက်လိုက်တဲ့ Wang Yibo
တအံတသြငေးနေကြတဲ့သူငယ်ချင်းတသိုက်ကိုမျက်စပစ်ပြလိုက်တယ်...
"ဝမ်သခင်လေး ဘာဖြစ်လာတာလဲ"
ဟောက်ရွမ်းရဲ့ ရွှက်နောက်နောက်အမေးကို သူပြန်မဖြေမိဘူး။" ရိပေါ် မင်းဖာသားကြီး နောက်မိန်းမယူမလို့ဆို"
အကြောင်းသိ ကျင်းလင်ရဲ့အမေးကို..." အင်း" တခွန်းတည်းပြန်ဖြေပြီး အရက်ကြီးပဲဆက်တိုက်သောက်နေတဲ့ ဝမ်ရိပေါ်ကြောင့်
ဟောက်ရွမ်းတို့မှာ...တားယူရတဲ့အခြေအနေထိ..." ဟျောင့် အရမ်းမသောက်နဲ့လေကွာ..မင်းပြန်ရင်ဆိုင်ကယ်မောင်းရအုံးမှာနော်"
" စိတ်ညစ်လို့ပါကွာ....မင်းတို့ကလဲ"
ဟုတ်တယ်..လူကညစ်နေပါတယ်ဆို... တမျိူး...
ဝမ်ရိပေါ် သက်ပြင်းတချက် ချလိုက်ပြီး..." ပါးက နောက်အိမ်ထောင်ပြုတော့မယ်တဲ့ ..ငါ...မလိုလားဘူး "
"ဟ ..ဒါများဘာဆန်းလို့လဲရိပေါ်ရယ်...မင်းပါးပါး တယောက်တည်းအထီးကျန်နေတာ ကြာပြီးဟာကို ယူပါစေပေါ့ "
ကျင်းလင်ဝင်ပြောလိုက်တယ်။ ဒီကောင် ဖေအေ နောက်မိန်းမ ယူမှာကိုမကြိုက်တဲ့ပုံပဲ။..အေးလေ..ဘယ်သားသမီးက ကိုယ့်အဖေနောက်အိမ်ထောင်ပြုမှာ...ကြည်ဖြူကြမလဲ။
ဝမ်ရိပေါ် ရဲ့မိခင်ဖြစ်သူက... ရိပေါ့်အသက် ၇နှစ်အရွယ်မှာပဲဆုံးသွားခဲ့တာကြောင့်..ဝမ်ပါးပါး ကရိပေါ် ကို ကျွေးမွေးစောက်ရှောက်လာခဲ့တာ... အသက်၂၃နှစ်ရောက်တဲ့အထိပဲ....။.
အရာအားလုံး သားဖနှစ်ယောက် ကြားမှာအဆင်ပြေနေတာကို ပါးက ဘာလို့ ရုတ်တရက် နောက်မိန်းမယူချင်သွားတာလဲ....ကြီးမှ ဝက်သက်ပေါက်ချင်နေတယ်။" ပါးယူမယ့်မိန်းမ မှာ သားတယောက်ပါလာမှာ" ကျင်းလင်အမေးကို ရိပေါ်ပြန်ဖြေလိုက်တော့
ဒင်းကအရစ်ရှည်နေသေးတယ်..
YOU ARE READING
Obsessive Love