ဝမ်ရိပေါ် တယောက် Xiao Zhan အတန်းရှေ့ကိုရောက်နေတာ။ သူမသိပဲ တယောက်တည်းအိမ်ပြန်သွားမှာစေလို့ စိတ်မချတာနဲ့ အခန်းရှေ့မှာ
ခေါက်တုတ်ခေါက်ပြန်လမ်းလျောက်နေရင်း ရှောင်းကျန့်တို့ အတန်းပြီးချိန်ကို စောင့်နေလိုက်တယ်။
မနက်က ကိစ္စလဲရှင်းစရာရှိသေးတယ်လေ။" ငါ့ မျက်လုံးတွေလဲ နောက်နေပါပြီးကျန့်ကျန့်ရာ
မင်းလူကြီး မညောင်းဘူးလား မသိဘူး"ကျိရန်ပြောလဲ..ပြောချင်စရာ၊
ဝမ်ရိပေါ်တယောက် သူ့တို့အခန်းရှေ့မှာ လမ်းလျှောက်နေတာ...နာရီဝက်လောက်ကြာနေပြီး။
ဒီလူ အတန်းမတတ်ပဲ...ဘာလာလုပ်တာလဲ။
ဒီအခန်းထဲမှာ..ကြိုက်နေတဲ့ကောင်မလေးရှိလို့ လာတာလား။ရှောင်းကျန့်ဆီ လာတာတော့ လုံးဝမဖြစ်နိုင်ဘူး။
ဒီနေ့မှ ကျောင်းစတတ်တာမလို့ သင်ရတဲ့ဘာသာလဲ
သိပ်မရှိ။လူတိုင်းကလဲ ဟေးလားဝါးလား ထနေကြပီး စကားတွေများနေတယ်။ အခန်းထဲက ကောင်မလေးတွေကတော့ ဝမ်ရိပေါ်ကိုလိုက်ကြည့်နေကြတာ မျက်စိကျွတ်ကျမတတ်။ဘေးနားက ရိပေါ်ရဲ့သူငယ်ချင်းဖြစ်ဟန်သူ တဲ့ တယောက်ကတော့ အနေရခက်နေဟန်။ နောက်တယောက်ကတော့ ဂျူနီယာကောင်မလေးတွေကို ငမ်းနေသေးတယ်။ တကယ့် နှာဘူးအဖွဲ့ပဲ။ ဝမ်သခင်လေး နှာဘူးကြီးဖြစ်နေတာမဆန်းပါဘူး။ သူ့သူငယ်ချင်းတွေနဲ့တူတာကို။
ကျိရန် မေးငေါ့ပြတဲ့နေရာ ကြည့်လိုက်တော့၊
ဝမ်ရိပေါ်က သူကို လက်ယပ်ခေါ်နေတာကို တွေ့လိုက်တယ်။" ကျန့်ကျန့် မင်းကိုခေါ်နေတာမလား
သွားလိုက်လေ"" သူ့ကို ကြည့်မနေစမ်းပါနဲ့ ကျိရန်ရာ...
အချိန်တန်ရင် သူ့အတန်းသူပြန်လိမ့်မယ်"ကျိရန်...မနက်ကမေးလို့ ဝမ်ရိပေါ်နဲ့သူ့အကြောင်းအနည်းအကျဥ်းပြောပြထားတာမလို့ သူတို့တော်စပ်မှုကိုသိပါတယ်။ ကျိရန် က ဒီကျောင်းကမလို့ ဝမ်ရိပေါ်ကို အစတည်းက မြင်ဖူးပြီးသားတဲ့။ အဲ့လူက ကျောင်းမှာ နာမည်ကြီးဆိုပဲ။
" မကြာခင်ကျောင်းဆင်းတော့မှာလေကျန့်ကျန့်
ဘယ်အတန်းကို့ ပြန်မှာလဲ"
YOU ARE READING
Obsessive Love