စွဲလမ်းသောအချစ် (အပိုင်း၁၅)

4.6K 206 9
                                    

Obsessive Love( စွဲလမ်းသော အချစ်)

(Part-15)
              Wang Yiboမရှိတော့မှ၊တင်းကျပ်နေတဲ့ရင်ထဲက ဝေဒနာ ကို မျက်ရည်အဖြစ်ပြောင်းကာ...ကျခွင့်ပြုလိုက်သည်။ ရှောင်းကျန့်ရဲ့မျက်နှာမှာ..ငိုရလွန်းလို့ ဖောင်းအစ်နေ၏။ ဖုန်းသံကြားလို့ ..ကိုင်တော့ ခေါ်ဆိုသူက...မား။

"ဟယ်လို..မား.."

"-----------"

"ဟုတ်..မား..."
ရှောင်းမားက ဆေးရုံကိုလာမကြိုတော့ပဲ လေဆိပ်ကိုတန်းဆင်းသွားကြောင့်နဲ့လေဆိပ်မှာပဲ သူ(Xiao Zhan) ကိုစောင့်နေကြောင်းကို ဖုန်းဆက်ပြောလာတယ်။

ကျသွားပြီဖြစ်တဲ့ဖုန်းကိုကြည့်ပြီး..ရှောင်းကျန့်မျက်ရည်ကျမိပြန်သည်။တကယ်ကြီး.ဝမ်ရိပေါ်နဲ့ဝေးရတော့မှာပေါ့။ ဖြစ်နိုင်ရင် Wang Yiboအနားမှာနေချင်သေးသည်။.သို့ပေမယ့် တဖက်က သူကိုမလိုလားသူ မဟုတ်လား။
ဒီရက်ပိုင်းအတွင်း သူ့အပေါ်ကာင်းကောင်းမွန်မွန်ဆက်ဆံပေးနေတာနဲ့တင် ရှောင်းကျန့်ကျေနပ်ပါသည်။ဒီထပ် လောဘမကြီးသင့်ဘူး မလား။

ဘေးနားက ဝမ်ရိပေါ်အုံးသွားတဲ့ ခေါင်းအုံး​လေးပေါ် မျက်နှာကပ်ပြီး ကျန်ခဲ့တဲ့ကိုယ်သင်းနံလေးကို နမ်းရှိုက်လိုက်သည်။

ဆေးရုံရှေ့ရောက်တော့ ရှောင်းကျန့်ကိုလာကြိုတဲ့သူတွေက အရမ်းထူးဆန်နေသလို့ခံစားရ၏။ဘာလို့ဆို မသိရင် ရုပ်ရှင်မင်းသားရဲ့ သက်တော်စောင့်လိုလိုနဲ့။အဖြူနဲ့အနက်ကိုတွဲဝတ်ထားသောကြောင့် တကယ့် ကိုယ်ရံတော်တွေနဲ့ပိုတူတယ်။

မားက ဘာလို့ဒီလူတွေကိုလွတ်လိုက်တာလဲ။
တကယ်ဆို ဆေးရုံဆင်းတာ..ဒီလောက်လူအများကြီးနဲ့လာကြိုစရာ လိုလို့လား။..တခုခုပဲ...

ရှောင်းကျန့်လဲရှေ့ရှေ့ဝေးဝေး တွေးမနေတော့ပေ။
နောက်ကူးရှင်ကိုမှီကာ မျက်လုံးမှိတ်ထားလိုက်တယ်။ Xiao Zhan ပျောက်နေရင်ရော ဝမ်ရိပေါ်တယောက်လိုက်ရှာနေမလား။သောင်းကျန်နေမလား။ ဒါမှမဟုတ် သူကို စိတ်နာသွားမလား။

မျက်လုံး မှိတ်ထားသောလဲ..မျက်ဝန်းထောင့်မှမျက်ရည်တွေကျနေမိတာကို သတိထားမိပေမယ့် ရှောင်းကျန့်မသုတ်မိတော့ဘူး။  ဒီနိုင်ငံကနေထွက်မသွားရသေးဘူး..အခုတည်းက လွမ်းနေရပြီကွာ...

Obsessive Love Where stories live. Discover now