စွဲလမ်းသော အချစ်(အပိုင်း6)

4.9K 234 4
                                    

Obsessive Love ( စွဲလမ်းသော အချစ်)
(Part-6)

"တောက်စ်!!"
ကားမောင်းနေရင်း ဒေါသ​တွေ ထွက်နေတဲ့ Wang Yibo ၊ ရှောင်းကျန့် တော်တော်ကြောက်နေပြီး။
ဝမ်သခင်လေးက ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ။သူ့လဲ ဘာအမှားမလုပ်မိဘဲနဲ့။ အလကားနေဒေါသထွက်နေတယ် ။ ဒါပေမယ့် ဒေါသထွက်နေတဲ့
မျက်နှာကချောလိုက်တာ။

ရှောင်းကျန့် မှာ...Yiboကိုကြောက်သာကြောက်သာ
ငေးကြည့်နေတာ..တမေ့တမော။ ဒီသခင်လေးက
ဒေါသထွက်နေတာတောင် ကြည့်ကောင်းဆဲ။

"ငါပြောတာ..ကြားလား..ရှောင်းကျန့်!"

"ဟမ်?"
အငေးလွန်နေတာမလို့ သူ(ဝမ်ရိပေါ်)ပြောတာမကြားလိုက်၊

"တောက်စ်!ရှောင်းကျန့်!"

ကားကိုလမ်းဘေးတနေရာ ချရပ်လိုက်ပြီး၊သူ့ဘက်
လှည့်ကြည့်လာတဲ့ ဝမ်သခင်လေး မျက်သားတွေက. ဒေါသကြောင့် နီရဲနေတယ်။

တခါတလေ ရှောင်းကျန့်... တယောက် ရိပေါ်ကို
တကယ်နားမလည်ဘူး။ ကိစ္စမရှိလဲ ဒေါသထွက်။
သူလဲဘာမှမလုပ်ပဲနဲ့လေ။ ပြောပါတယ် ဝမ်သခင်လေးကစိတ်မမှန်ပါဘူးလို့။

"တခြားကောင်တွေနဲ့မပေါင်းနဲ့ ရှောင်းကျန့်
ငါမကြိုက်ဘူး"

"အာ..ဝမ်ကိိုကိုလေးမကြိုက်တာလေ..ကျန့်ကျန့် ကြိုက်တယ်"

သူ့ကျအပေါင်းအသင်းထားလိုက်။ clubတတ်လိုက်လုပ်နေတာ..သိသားပဲ။ ကျန့်ကျန့် ကျမှ လာမချုပ်ချယ်နဲ့မရဘူး။

"Xiao Zhan! !"
ကားထဲမှာ ဝမ်ရိပေါ် အော်သံက ဟိန်းသနဲ့ပဲ။
နားတွေကွဲတော့မယ်။

"မင်းကိုပြောထားမယ်...ရှောင်းကျန့်!
အကောင်တွေတင် မဟုတ်​သေး ဘူး မင်း..တခြားမိန်းကလေးသူငယ်ချင်းလဲမထားရဘူး"

သူ့လွတ်လပ်ပိုင်ခွင့်ကို ဝင်စွတ်ဖက်နေတဲ့ဝမ်ရိပေါ်၊ကို
ရှောင်းကျန့် အမြင်မကြည့်တော့ဘူး။..သူ့ကို မုန်းတာနဲ့ ဒီလောက်ထိ ကိုယ်ရေးကိုယ်တာ ကိစ္စကအစ
ဝင်ချုပ်ချယ်လို့ရ သလား။

အခုဝမ်ရိပေါ်ကြီးက ကားပြန်မောင်းပြီး..စကားပြောနေတာ...ဝမ်အိမ်တော်ထဲတောင်ရောက်နေပြီး။

Obsessive Love Where stories live. Discover now