(အပိုင်း၁၇) ဇာတ်သိမ်းပိုင်း

6.7K 209 6
                                    

Obsessive Love(စွဲလမ်းသော အချစ်)

(Part-17)

မျက်ခုံးနှစ်ခု ထိစပ်လုမတတ်ဖြစ်နေပြီး၊မျက်မှောက်ကြုတ်ကာ အေးစက်စက်အကြည့်တွေက ကမ်းခြေမှာ အမျိူးသမီးတယောက်နဲ့ ရပ်ပီး စကားပြောနေတဲ့ ရှောင်းကျန့်ကို ကြည့်နေမိသည်။

"ကော မှာရည်းစာရှိလား..ဟင်"

သူမရဲ့ဆေးထိုးထားတဲ့ဆံပင်အနီလေးတွေကို နားကြားထဲသပ်ပြီး မျက်နှာလေးရဲကာ..ပြောဆိုနေတဲ့ ကောင်မလေးက... ချစ်ဖို့ကောင်းပေမယ့်
ရှောင်းကျန့် အမြင်မှာတော့ သူကို ပါးဖောင်းဖောင်းကြီးတွေနဲ့ ချွဲတတ်တဲ့ WangYiboလောက်ရင်ထဲ မတိုး။

"ကောမှာ...ရည်းစာ..မရှိ......"

"ပေါင်ပေ့!"

ဝမ်ရိပေါ်ရဲ့ခေါ်သံကျယ်ကြီးကြောင့် စကားပြောနေတဲ့သူနှစ်ယောက် စကားစပြတ်သွားသည်။
သူမ ရဲ့ ကိုယ်ဆို လန့်ပြီး ထခုန်မတတ်ဖြစ်သွားသေးတယ်။

"ကိုကို..."
ဒေါသထွက်နေတဲ့ မျက်နှာကြီးနဲ့ တရှုးရှုးတရှဲရှဲ
ဖြစ်နေသော...ဝမ်ရိပေါ် က တကယ့်ကြီး ဒေါသထွက် နေပုံ။

Xiao Zhan အနားထိသွားကာ...ပုခုံးကိုဖက်ပြီး သူ့ရင်ခွင် အတင်းဆွဲဖက်ထားလိုက်ပြီ၊အရှေ့က မိန်းကလေးကို မျက်ခုံးတဖက်ပင့်ပြလိုက်သည်။
'မြင်ပြီးလား' ဆိုတဲ့သဘော။

အယ်...နောက်ရောက်လာတဲ့ရှောင်ကောကောကလဲ အချော​လေးတော်။...သူမ ကံကောင်း ပုံများ။

"ညီအကိုတွေလားဟင်....ချောတယ်နော်'"

ရှောင်းကျန့်ကတော့ တုံးအလွန်တဲ့သူမကို ကြည့်ပြီးခေါင်းတခါခါနဲ့။

"ဘာ!...ဘယ်သူက ညီအကိုလဲ"

ဝမ်ရိပေါ်အသံကြီးက ဟိန်းထွက်နေတာပဲ ကမ်းခြေတလျောက်မှာ။

" ဒီမှာ..မင်း!"

"ရှင်..ဟုတ်"... ဒီရှောင်ကောကောက ချောပေမယ့် နည်းနည်းကြောက်စရာကောင်းတယ်။အကြည့်တွေက သူမကို ထသတ်တော့မလို့နဲ့။

"ယောကျ်ား"

"ရှင်.." နားမလည်သလိုနဲ့ကြောင်တောင်တောင်...အရှေ့ကအမျိူးသမီးကို ဖြစ်နိုင်ရင် ဝမ်ရိပေါ် ရေနစ်သတ်ပစ်ချင်နေပြီး။

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

Obsessive Love Where stories live. Discover now