စွဲလမ်းသောအချစ် (Part7)

4.8K 297 4
                                    

Obsessive Love( စွဲလမ်းသော အချစ်)

(Part7)

အရာအားလုံးပုံမှန်ပါပဲ၊...
ပုံမှန်မဟုတ်တာဆိုလို့ အခုတလော ဝမ်ရိပေါ်တယောက်ငြိမ်ချက်သားကောင်းနေတယ်။
ရှောင်းကျန့်နဲ့မျက်နှာချင်းမဆိုင်ဖြစ်တာ.. ၄ရက်လောက်ရှိပြီး။ ပြီးခဲ့တဲ့ အရက်မူးလာတဲ့ညက နောက်ဆုံး တွေ့ပြီး..အခုထိ မတွေ့ရသေးဘူး ။

ကျန့်ကျန့် က ဝမ်သခင်လေး နဲ့မတွေ့ရတာကိုကျေနပ်တယ်။မဟုတ်ရင် အမြဲလူကိုတွေ့တာနဲ့ ဆူလိုက်၊ဟောက်လိုက်နဲ့...မကောင်းတဲ့လူကြီး။

ဆူငေါက်သံတွေမကြားရလို့ ရင်ထဲမှာ ဟာတသ သကြီးဖြစ်နေတာကိုမသိချင်ယောင်ဆောင်ရင်းပေါ့။

>>>>>>>>
ခြံထဲက..ဒါန်းလေးပေါ်မှာထိုင်ပြီး တယောက်တည်း
အတွေးလွန်နေတဲ့ Xiao Zhan ကို...အခန်းပြတင်းပေါက်နားကနေ....ဝမ်ရိပေါ်ငေးကြည့်နေမိတယ်။

မတွေ့ရတဲ့၄ရက်လေးမှာတောင်.
ဒီရှောင်းကောင်လေးက....ပိုလှ လှသလိုပါပဲ။
အခုတလော သူတို့ နှစ်ယောက် မျက်နှာချင်းမဆိုင်ဖြစ်ဘူး။ သူ(ဝမ်ရိပေါ်)ဘက်က ရှောင်နေတာဆို
ပိုမှန်လိမ့်မယ်။

အခုရက်ပိုင်း ဝမ်ရိပေါ်သေချာစဥ်းစားနေတာမလို့
ရှောင်းကျန့်ကိုလွတ်ပေးထားသလိုဖြစ်နေတယ်။ဒါကို ဒီကောင်လေးပျော်နေမှာပဲ၊ အဟက်တကယ်တော့
ရိပေါ်ငြိမ်နေတာက...ရှောင်းကောင်လေးကို အပိုင်သိမ်းနိုင်မယ့်နည်းလမ်းကိုစဥ်းစားနေလို့။

အခုတလောမျက်နှာလေးရွင်ပြလာတဲ့ကောင်လေးက.... ဝမ်ရိပေါ်ကိုမမြင်ရလို့ထင်ပါရဲ့။ ပျော်ရွှင်နေပုံရတယ်။...မကြာခင် သူ့အပိုင်ဖြစ်တော့မှာကို ရှောင်းကျန့်တယောက်သိပါလေစ၊၊

"ဟယ်လို" ...Xiaoကိုငေးကြည့်နေတုန်းက ဘောင်းဘီအိတ်ကပ်ထဲကဖုန်းသံကြားလို့ ကိုင်လိုက်တယ်။ အကြည့်တွေကတော့ ရှောင်းပေါက်စရှိကမခွာ။

'အေး..ရိပေါ်...ဘာလို့မလာသေးတာလဲ'

" ငါမလာတော့ဘူး...ဟောက်ရွမ်း"
ဖုန်းပြောနေပေမယ့် သူ့အကြည့်တွေက ဒါန်းပေါ်ကနေ..အိမ်ထဲတလှမ်းချင်းပြန်ဝင်လာတဲ့ လူတယောက်ဆီမှာ။

Obsessive Love Where stories live. Discover now