(Part-13)
ကုတင်ဘေးနားကို လာရပ်လိုက်တဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် မျက်နှာကိုတဖက် လွှဲထားလိုက်သည်။ သူအနေနဲ့ ကိုယ့်ကို မုန်းနေတဲ့ဝမ်ရိပေါ်
ကို မျက်နှာချင်းမဆိုင်ချင်ပါ။ အခုချိန်မှာ Xiao Zhan ရင်ထဲဘာခံစားချက်မှ တစိုးတစိမရှိ။ စိတ်ဆိုးခြင်း၊ဒေါသထွက်ခြင်း နည်းနည်းမှမဖြစ်မိတဲ့ အထိ ဝမ်ရိပေါ် ကိုသိပ်ချစ်မိတာပါ။ မုန်းဖို့ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေး၏။ဝမ်ရိပေါ်က ကုတင်နောက်ကိုမှီပြီ စောင်ကို ဗိုက်ပေါ်ထိ ခြုံထားတဲ့ ရှောင်းကျန့်ရဲ့ ပုခုံးနှစ်ဖက်ကို သူ့လက်ဖဝါးကြီးတွေနဲ့ဆုပ်ကိုင်လိုက်ပြီး၊ လွမ်းနေရတဲ့ မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်တယ်။
"ကိုယ့်ကို ကြည့်ပါအုံး..ကွာ"
"-------"
"ကိုယ့်ကို မမြင်ချင်တဲ့အထိ မုန်းနေလား..ရှောင်းကလေးရယ်"
ဘယ်လို့လုပ်မုန်းနိုင်မှာလဲ ဝမ်ကိုကိုလေးရယ်။
ဘယ်သူမှမသိတဲ့ ကျွန်တော် ရဲ့ အချစ်ဦးက ခင်ဗျားဆိုတဲ့ Wang သခင်လေးပါဗျာ။
အချစ်ဦးကို မုန်းနိုင်ပါ့မလား.."ကျွန်တော်... ဝမ်သခင်လေးကို မမုန်းပါဘူး..
ဒါပေမယ့်..."ရှောင်းကျန့်ရဲ့ တုန်ပြန်သံကြားမှ ဝမ်ရိပေါ်ရဲ့ ရင်ထဲက အစိုင်အခဲ နည်းနည်းပြန်ကျသွားသလိုပဲ။
စကားပြောသေးတဲ့ဆိုတည်းက အခြေအနေနည်းနည်းကောင်းတယ်လို့ ဆိုရမလား။သူ(Xiao Zhan) ဆက်ပြောလာမယ့် စကားကို လေးလေးနက်နက်နားထောင်နေပုံရသော ဝမ်ရိပေါ်ရဲ့မျက်လုံးတွေနဲ့အကြည့်ချင်စုံကာ..
"ဒါပေမယ့် ဝမ်ကိုကိုလေးကတော့ ကျွန်တော် ကို မုန်းတယ်မလား...ဟုတ်တယ်မလား..ဟင်"
မျက်လုံးလှလှလေးကနေ မျက်ရည်တွေဝဲကာ မေးခွန်းထုတ်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ်ရဲ့ ရင်ထဲ မွန်းကြပ်လာတယ်။ ရှောင်းကျန့်အထင်လွဲမှာနေတာ...သူ့ကြောင့်ပဲ။ ဝမ်ရိပေါ်က စတွေ့တည်းက တချိန်လုံး ရှောင်းကျန့်ကို မုန်းကြောင့်ပြောခဲ့တာကို။
"ကိုယ်..မင်းကိုဘယ်တုန်းကမှ မမုန်းပါဘူး..ရှောင်းကလေးရယ်..ကိုယ်လေ..ကိုယ်.. ..မင်းကို....."
YOU ARE READING
Obsessive Love