စွဲလမ်းသော အချစ်( အပိုင်း၁၂)

4.4K 212 3
                                    

(Part-12)

အောက်ထပ်ကို ဆင်းသွားတဲ့ ညီအကိုနှစ်ယောက်မရှိတော့မှ ရှောင်းကျန့်မျက်လုံးဖွင့်လိုက်သည်။
ဝမ်ရိပေါ် တို့ ပြောတာကို Xiao Zhan အကုန်ကြားပါတယ်။ အမြဲတမ်း ကံဆိုးတတ်တဲ့ရှောင်းကျန့်က
အခုထိလဲကံကောင်း​ချင်တွေမရလာပါဘူး။
အဖေဖြစ်သူရဲ့အချစ်ကို လဲ ပြည့်ပြည့်ဝဝမခံစားဖူးခဲ့သလို့၊မိခင်ဖြစ်သူကကျ စီးပွားရေး နဲ့သာလုံးပန်နေတာကြောင့် ရှောင်းကျန့်ကို ဂရုစိုက်ပေး ချိန်မရှိခဲ့ပါဘူး။

အခုလဲ ဝမ်ရိပေါ်ရဲ့ချစ်ခြင်းမေတ္တာကို Xiao Zhan မရပြန်ဘူး ။ အမှန်အတိုင်းဝန်ခံရရင်..ပထမဆုံး ဝမ်အိမ်တော်ကို ရောက်လာတဲ့နေ့တည်းက ဝမ်သခင်လေး ကိုရင်ခုန်မိတာပါ။အစကတော့ ဘယ်သူဆီကမှ မေတ္တာ လုံလုံလောက်လောက် မရလို့ အကိုဖြစ်လာမယ့် Wang Yiboနဲ့အဆင်ပြေမယ့် ညီအကိုဆက်ဆံရေးဖန်တီးချင်ခဲ့တာပါ။
ဒါပေမယ့် ဝမ်ရိပေါ်က သူ(ရှောင်းကျန့်)ကိုသဘောမကျဘူး။

တဖြေးဖြေးသဘောပေါက်လာတာက
ရှောင်းကျန့်က ဝမ်ရိပေါ် အပေါ် သာမာန်ထပ် ပိုတဲ့ခံစားချက်တွေထားနေမိတာပါပဲ။ သိသိချင်း ရှောင်းကျန့်သိပ်ကိုလန့်သွားပါသည်။ ဝမ်ရိပေါ်သိရင် ရွံသွားမှာလား..စိုးရိမ်စိတ်တွေနဲ့...ဘယ်သူမှ မ
ရိပ်မိအောင် သူ့ခံစားချက်ကို ထုတ်မပြတော့ပဲ ...ဝမ်ရိပေါ် ကိုအမြဲ ဆက်ဆက်ထိမခံ၊ပြန်ပြော​တော့၏။

ရုတ်တရက် အောက်ထပ်က ဆူညံသံတွေနဲ့အတူ
ဝမ်ဦးလေးရဲ့အသံကိုပါ တဆက်တည်းကြားလိုက်တာကြောင့် ဝမ်ကိုကိုလေးအတွက် စိတ်ပူမိသွားကာ..အိပ်ယာပေါ်ကနေ အားယူစွာထ လိုက်သည်။
အခန်းထဲက ထွက်လာပြီး...လှေကားထိပ်အရောက် ကြားလိုက်ရတဲ့စကားပြောသံတွေကြောင့် ဝမ်ဦးလေး သူတို့နှစ်ယောက်ကိစ္စကို သိသွားပြီးပဲ။

Xiao Zhan ရဲ့ ခြေဖျားလက်ဖျားတွေ အေးစက်လာသလိုခံစားရသည်။ ဝမ်ဦးလေး ဘယ်လို့ထင်မလဲ။
သူက ဝမ်အိမ်တော်မှာ ကပ်နေရတဲ့သူမလို့ အရိပ်နေနေအပင်ချိုးချိုး သားဖြစ်သူကို အပိုင်ကြံတယ်လို့များ မြင်လေးမလား?။
ပြီးတော့ မား...မားနဲ့ဝမ်ဦးလေးကြား ရှောင်းကျန့်ကြောင့် ပြသာနာမဖြစ်စေချင်ပါဘူး။

Obsessive Love Where stories live. Discover now