စွဲလမ်းသောအချစ် (အပိုင်း၁၄)

4.4K 185 4
                                    

Obsessive Love(စွဲလမ်းသော အချစ်)
(Part-14)

ဝမ်ရိပေါ်
သူ့ရင်ခွင်ထဲ မှာ အိပ်ပျော်နေသော..ရှောင်းကျန့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။
လှလိုက်တာ... ဒီအလှတရားလေးကို မနက်အိပ်ယာထတိုင်းတာ ငေးမောခွင့်ရမယ်ဆိုရင် ရိပေါ်တယောက် သေပျော်ပါပြီလေ။
မနက်ခင်းလေးမှာတောင် သူ့ရှောင်းကလေးက အရမ်းလှတာပဲ။ ဒီလို့နေတိုင်းအတူတူ နှိိုးထဖို့ ဒီကလေးကို မြန်မြန်လက်ထပ်ချင်ပြီး။

Wang Yiboရဲ့အကြည့်တွေက နောက်ဆုံး ဆေးကူစရာမလိုအောင် ရဲရဲလေးဖြစ်နေသော နှုတ်ခမ်းလေးရှိသို့... ထိုနှုတ်ခမ်းနီနီလေးကို ကြည့်မိတိုင်း..ရေဆာသလိုလို ဖြစ်လာတာကြောင့် မနေနိုင်တဲ့အဆုံး သူ့နှုတ်ခမ်းသားထူထူကြီးတွေနဲ့ဖိကပ်လိုက်၏။ ချိုလိုက်တာ...ပြန်မလွတ်ပေးချင်ဘူး။
အမြဲတမ်း နမ်းရှိုက်ချင်မိသည်။

"အွင်း.....အ့.."
ရှောင်းကျန့်တယောက် အိပ်ပျော်နေတုန်း...အသက်ရူမဝ တော့တဲ့အခြေအနေကြောင့် မျက်လုံးဖွင့်
ကြည့်မိတော့...
Wang သခင်​လေး! ရယ်...ရှောင်းကျန့်နှုတ်ခမ်းသားတွေနမ်းနေတာ ...သူ့အောက်နှုတ်ခမ်းလေးကိုတချက်ကိုက်ပြီ လွတ်ပေးကာမှ Xiao Zhan လဲ သတိဝင်တော့သည်။

"နိုးပြီးလား..ကိုကိုရဲ့ပေါင်ပေ့လေး"

ရင်ခွင်ထဲက လူသားလေးဆံပင်တွေကို သပ်ပေးကာ...မျက်လုံးကြည်တောက်တောက်လေးတွေကို ကြည့်ကာ အမေးစကားဆိုမိတော့.. မျက်စောင်းလှလှလေးတခုကြောင့် ဝမ်ရိပေါ် ပြာယာခတ်သွားသည်။

" ဘာ..ဘာလို့လဲကလေး...စိတ်ဆိုးမပြေသေးဘူး လားဟင်... "

ဝမ်ရိပေါ်က.....ရှောင်းကျန့် သူ့ကို စိတ်ဆိုး၊စိတ်ပျက်မှာကို မလိုလားဘူး ။

"မဟုတ်ပါဘူး... ဝမ်ကိုကိုလေး "

"ဟင် "

ဆေးရုံ ကုတင်ပေါ်မှာ.နှစ်ယောက်သားပူးကပ်နေပြီး
ရင်ခွင် ထဲက ရှောင်းကျန့်ကလဲ... ဝမ်ရိပေါ်မျက်နှာကိုမော့ကြည့်နေမိသည်။ မကြာခင် ပြန်မတွေ့ကျဖို့သေချာသလောက်ရှိပြီမို့လို့၊ အခုတည်းက ဝမ်ရိပေါ်ရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတခု စီတိုင်းကို
ရှောင်းကျန့် သေချာမှတ်ထားနေမိသည်။

Obsessive Love Where stories live. Discover now