အပိုင်း(၃)
" ပေးပေး "
" ဟုတ် "
" ကိုစိုင်းကို အမှန်အတိုင်းပြောနော် "
" ပေလွှာ ကိုစိုင်းကို ဘယ်တုန်းကမှ မညာခဲ့ဖူးပါဘူး "
" ဟုတ်ပြီ ဒါဆိုစောနကအိမ်လာသွားတာ ဘယ်သူလဲ ပေးပေး သူငယ်ချင်းလား ဒါမှမဟုတ် ပေးပေးချစ်သူလား "
" မင်းထွဋ်လာသွားတာပါ ကိုစိုင်း "
" အော် "
" ကိုဇိုင်းက သူထင်ရာတွေစွပ်စွဲနေတာ ပေလွှာ့မှာဘာရည်းစားမှ မရှိပါဘူး မင်းထွဋ်ဆိုတာလဲ ကိုစိုင်းသိတဲ့အတိုင်း... "
" ရပြီ ရပြီ ကိုစိုင်းနားလည်ပါပြီ အဲ့တော့စောနကကိစ္စကို စိတ်ထဲမမှတ်နဲ့တော့နော် သူ့ဘက်ကကြည့်တော့လဲ သူ့မှမင်းထွဋ်ကိုမသိတော့ ပေးပေး ကောင်လေးလို့ ထင်သွားတာနေမယ် သူလဲပေးပေးကို စိုးရိမ်လို့နေမှာပါ "
" အဲ့လိုပဲဖြစ်ပါစေလို့ ပေလွှာ မျှော်လင့်မိပါတယ် "
" လာ စိတ်ပြေလက်ပျောက် မာမီ့နောက်လိုက်သွားကြမယ် မကောင်းဘူးလား "
" အွန်း ကောင်းတယ် "
~~~~~~~~~~~~~~~
ကိုဇိုင်းနဲ့အဲ့ဒီပြဿနာတက်ပြီး ၁ပတ်လောက်အကြာတော့ ကိုဇိုင်းနယ်ပြောင်းဖို့ကိစ္စဖြစ်လာပါတော့တယ်။
" သားဇိုင်း အစစအရာရာဂရုစိုက်နော် အသွားအလာ အနေအထိုင် နောက်ဆုံး ရေချိုးတာကအစ သေချာဂရုစိုက်နော် "
" ဟုတ်ပါပြီ မာမီရယ် ကျွန်တော် ကလေးလေးလဲမဟုတ်တော့ပါဘူး နောက်ပြီး မာမီ့သားက ဆရာဝန်ပါဗျာ အဲ့တာတွေကိုဂရုစိုက်ဖို့ ပြောနေစရာမလိုပါဘူးလို့ "
" အမလေး ဆရာဝန်ကြီးက အနေအထိုင်ပက်ဆက်လွန်းလို့ ဒီအမေအိုကြီးက မှာနေတာပါ "
" ကဲပါ သား ဒယ်ဒီနဲ့မာမီကို ကန်တော့မယ်နော်"
" အေးအေး ငါ့သားလေး သွားလေရာလာလေရာလမ်းခရီးမှာ ဘေးမသီရန်မခဘဲ ဒီကမ္ဘာကြီးရဲ့ နောက်လာမဲ့မျိုးဆက်သစ် ကလေးသူငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ လူ့လောကကိုမွေးထုတ်ပေးနိုင်ပါစေ ကျန်းမာချမ်းသာပါစေ "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...