အပိုင်း (၂၁)
" သမီး "
" အန်တီဒီကိုဘာလာလုပ်တာလဲ "
" အန်တီတောင်းပန်ချင်လို့ပါ "
" မလိုတော့ပါဘူး အားလုံးပြီးသွားခဲ့ပြီ "
" သမီးသိသင့်တယ်လို့ထင်တဲ့ကိစ္စကို အန်တီပြောပြချင်လို့ပါ "
" ထိုင်ပါ "
" တကယ်တော့ အန်တီက သမီးအမေရင်းမဟုတ်ပါဘူးကွယ် "
" ဟင် "
" တကယ်တော့ သမီးအမေရင်းက ဒီမြို့ရဲ့တစ်နေရာမှာရှိပါတယ် "
" အန်တီ ပေလွှာ့ကိုသေချာပြောပြပါ အခုထိကိုဘာတစ်ခုမှနားမလည်ဘူး "
" ဒီလိုပါ အခုသမီးဆီ အန်တီ့ကိုလွှတ်လိုက်တာကလဲ သူ့ရဲ့ခိုင်းစေမှုကြောင့်ပါပဲ "
" သူက ပေလွှာ့ကိုလိုက်စုံစမ်းနေတာလား "
" ဟုတ်ပါတယ် အန်တီက သူ့ရဲ့အိမ်မှာအကူလုပ်နေတဲ့ ဒေါ်နုရင်ပါ "
" ဒါဆို ဘာလို့အခုလိုတွေလုပ်ခိုင်းနေရတာလဲ ပေလွှာကသူ့သမီးဆို ဘာလို့သူကိုယ်တိုင်တွေလာမတွေ့ရတာလဲ "
" အဲ့တာကိုပဲ အန်တီနု လာပြောပြတာပါ "
" ပေလွှာ့ကိုမခြွင်းမချန်ပြောပြပါ "
" သူကအခုသမီးရဲ့အဖေအရင်းနဲ့ အတူရှိနေတာ "
" အဖေရင်း ဦးနိုင်းခန့်က ပေလွှာ့အဖေမဟုတ်ဘူးလား ပေလွှာငယ်ငယ်ကသိခဲ့တာသူပဲလေ "
" မဟုတ်ဘူး မိုးပေလွှာက သမီးလိုပဲမြို့ပြအင်ဂျင်နီယာတစ်ယောက်လေ တစ်နေ့တော့ သမီးအဖေရင်းဖြစ်သူရဲ့အတင်းအကျပ်ခိုင်းစေမှုနဲ့ မှောင်ခိုလက်နက်ခဲယမ်းကုန်သွယ်ဖို့လမ်းတံတားစီမံကိန်းမှာ အလုပ်ဝင်ခဲ့တယ် ဆောက်လုပ်ရေးလုပ်နေတဲ့ကာလအတွင်းမှာပဲ သမီးအဖေနဲ့သူငြိစွန်းခဲ့တာ သူလျှိုတစ်ယောက်ရဲ့လက်တို့မှုနဲ့ ထွက်ပြေးပုန်းရှောင်ဖို့ဖြစ်လာတော့ မိုးပေလွှာက သမီးဗိုက်နဲ့ ရွာကိုခပ်တည်တည်ပြန်လာခဲ့ပြီး နိုင်းခန့်နဲ့ယူလိုက်ကြတယ် ဒီအဖြစ်တွေကိုနိုင်းခန့်ဘယ်ကဘယ်လိုသိသွားလဲမသိဘူး မိုးပေလွှာရဲ့ဗိုက်ထဲက ကလေးကသူ့ကလေးမဟုတ်မှန်းသိသွားခဲ့တော့ နောက်မယားကောက်ယူလိုက်တယ်လေ "
YOU ARE READING
ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)
Romance{Unicode & Zawgyi} Crd - Pinterest Photo START _ 5.10.2023 END _ 11.11.2023 ပထမဆုံးအရေးအသားဖြစ်တာမို့ ဤဝတ္ထုဇာတ်အိမ်သည် သင်မျှော်လင့်ထားသလောက် ကောင်းချင်မှကောင်းနိုင်ပါလိမ့်မည်။ စိတ်ကူးယဉ်ဝတ္ထုဖြစ်တာကြောင့်တကယ့်လက်တွေ့နှင့်များစွာကွာခြားနိုင်ပါသည်။...