Part 24

8.7K 139 0
                                    

အပိုင်း(၂၄)

ဆေးရုံတက်နေရစဉ်အတွင်း ပေလွှာ့ကိုအားလုံးကလိုလေသေးမရှိ အစစအရာရာဂရုစိုက်ပေးကြ‌လေတယ်။
ဖေဖေ့ရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်ကိုယ်ကျ လိုက်မပို့နိုင်ခဲ့ပေမယ့် သူမသေခင်နောက်ဆုံးအချိန်ကိုတော့အပျော်တွေနဲ့တည်ရှိနေစေခဲ့တယ်။
ဘော့စတွန်မြို့မှာရှိတဲ့ မိခင်ဖြစ်သူက ရွာမှာပဲခေါင်းချဖို့
မြို့ကနေထွက်သွားပြီတဲ့။

ပေရွက်လွှာကတော့ ထိုနေ့ကအဖြစ်အပျက်ကြောင့် စိတ်လွတ်ပြီး စိတ်ကျန်းမာရေးဆေးရုံမှာကုသမှုခံယူနေလေသည်။

ပေလွှာ့မိဘအရင်းတွေကိုမသိခင်တုန်းကလို အရာရာဟာအရင်အတိုင်းမပြောင်းလဲဘဲ နေသားတကျရှိနေတယ်ဆိုပေမယ့် အခုချိန်မှာတော့ဝမ်းနည်းကြေကွဲဖို့ကောင်းလွန်းနေသည်။

တစ်မိသားစုလုံးသတ်မိန့်အတွက် ကိုကိုတို့ဘယ်လိုဖြေရှင်းလျှောက်လဲထားသည်တော့မသိ မေမေကော ပေလွှာပါ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ကြတယ်။

ဧလာဦးရွာလေးက အရင်လိုမဟုတ်တော့ဘဲ ဖွံ့ဖြိုးတိုးတက်လာနေပါပြီ။ မေမေရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ပေလွှာကအဖော်အဖြစ် ဂရုစိုက်ကြည့်ရှုပေးနေတယ်။ ကိုကိုက ရွာနဲ့အနည်းငယ်လှမ်းတဲ့မြို့ငယ်လေးရဲ့ ဆေးရုံတစ်ခုမှာ အလုပ်လုပ်နေကာ ရွာမှာအရေးပေါ်အခြေအနေဆို အခမဲ့မွေးဖွားပေးခြင်းဒါနတစ်ခုကို စိတ်လိုလက်ရပြုလုပ်လေ့ရှိသည်။

လက်ထပ်ဖို့ကြံရွယ်တိုင်း တစ်ခုမဟုတ်တစ်ခုပေါ်လာတဲ့ကိစ္စတွေကြောင့် ပေလွှာတို့ဒုတိယအကြိမ် မင်္ဂလာပွဲဆိုပြီးတခမ်းတနားမကျင်းပနေတော့ဘဲ ရွာဦးဘုန်းကြီးကျောင်းလေးမှာ မင်္ဂလာဆွမ်းကျွေးအလှူဒါနလေးပြုလိုက်ပြီး တစ်ရွာလုံးအသိသက်သေအဖြစ် အကြင်လင်မယားဖြစ်လာကြလေသည်။

အမြဲလိုလို မာမီက ရက်တော်တော်ကြာ အလည်လာတတ်သည်။ ရှေ့တစ်ပတ်ကတင်မွေးထားတဲ့ကိုစိုင်းရဲ့ သမီးအမွှာလေးန‌ှစ်ယောက်က မမမေမဒီနဲ့တစ်ရုပ်တည်းထွက်လာကြသည်။ မျက်နှာကျပုံနဲ့ နှာခေါင်း ပါးစပ်ပုံစံတွေကအစ မမမေမဒီနဲ့တထေရာတည်းဖြစ်ပြီး မျက်လုံးလေးတွေသာ ကိုစိုင်းလို မှေးစင်းစင်းလေးတွေဖြစ်သည်။

ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)Where stories live. Discover now