Part 3 (Zawgyi)

2.3K 20 0
                                    

အပိုင်း(၃)

" ပေးပေး "

" ဟုတ် "

" ကိုစိုင်းကို အမှန်အတိုင်းပြောနော် "

" ပေလွှာ ကိုစိုင်းကို ဘယ်တုန်းကမှ မညာခဲ့ဖူးပါဘူး "

" ဟုတ်ပြီ ဒါဆိုစောနကအိမ်လာသွားတာ ဘယ်သူလဲ ပေး‌ပေး သူငယ်ချင်းလား ဒါမှမဟုတ် ‌ပေးပေးချစ်သူလား "

" မင်းထွဋ်လာသွားတာပါ ကိုစိုင်း "

" အော် "

" ကိုဇိုင်းက သူထင်ရာတွေစွပ်စွဲနေတာ ပေလွှာ့မှာဘာရည်းစားမှ မရှိပါဘူး မင်းထွဋ်ဆိုတာလဲ ကိုစိုင်းသိတဲ့အတိုင်း... "

" ရပြီ ရပြီ ကိုစိုင်းနားလည်ပါပြီ အဲ့တော့စောနကကိစ္စကို စိတ်ထဲမမှတ်နဲ့တော့နော် သူ့ဘက်ကကြည့်တော့လဲ သူ့မှမင်းထွဋ်ကိုမသိတော့ ပေးပေး ကောင်လေးလို့ ထင်သွားတာနေမယ် သူလဲပေးပေးကို စိုးရိမ်လို့နေမှာပါ "

" အဲ့လိုပဲဖြစ်ပါစေလို့ ပေလွှာ မျှော်လင့်မိပါတယ် "

" လာ စိတ်ပြေလက်ပျောက် မာမီ့နောက်လိုက်‌သွားကြမယ် မကောင်းဘူးလား "

" အွန်း ကောင်းတယ် "

~~~~~~~~~~~~~~~

ကိုဇိုင်းနဲ့အဲ့ဒီပြဿနာတက်ပြီး ၁ပတ်လောက်အကြာတော့ ကိုဇိုင်းနယ်ပြောင်းဖို့ကိစ္စဖြစ်လာပါတော့တယ်။

" သားဇိုင်း အစစအရာရာဂရုစိုက်နော် အသွားအလာ အနေအထိုင် နောက်ဆုံး ရေချိုးတာကအစ သေချာဂရုစိုက်နော် "

" ဟုတ်ပါပြီ မာမီရယ် ကျွန်တော် ကလေးလေးလဲမဟုတ်တော့ပါဘူး နောက်ပြီး မာမီ့သားက ဆရာဝန်ပါဗျာ အဲ့တာတွေကိုဂရုစိုက်ဖို့ ပြောနေစရာမလိုပါဘူးလို့ "

" အမလေး ဆရာဝန်ကြီးက အနေအထိုင်ပက်ဆက်လွန်းလို့ ဒီအမေအိုကြီးက မှာနေတာပါ "

" ကဲပါ သား ဒယ်ဒီနဲ့မာမီကို ကန်တော့မယ်နော်"

" အေးအေး ငါ့သားလေး သွားလေရာလာလေရာလမ်းခရီးမှာ ဘေးမသီရန်မခဘဲ ဒီကမ္ဘာကြီးရဲ့ နောက်လာမဲ့မျိုးဆက်သစ် ကလေးသူငယ်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ ‌လူ့လောကကိုမွေးထုတ်ပေးနိုင်ပါစေ ကျန်းမာချမ်းသာပါစေ "

ကိုယ့်နှလုံးသားပေလွှာ (𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲)Where stories live. Discover now